စိတ်ကို ကျွဲထိန်းသလို ထိန်းပါ (တန်ဖိုးရှိတဲ့စကားလေး)

စိတ်ကို ကျွဲထိန်းသလို ထိန်းပါ (တန်ဖိုးရှိတဲ့စကားလေး)

 

တစ်ခါတော့ ..မြစ်ဝကျွန်းပေါ် ဒေသ တစ်ခုသို့ ဆရာတော် တရားဟောကြွလေ၏။ ထိုဒေသတွင် မိုးများသည့် အတွက် တောင်ယာသမား အများစုသည် နွားအစား ကျွဲများဖြင့်သာ ထွန်ယက် စိုက်ပျိုးကြရလေ၏။

 

ကျွဲများသည် သန်မာထွားကျိုင်းပြီး ချိုကြီးများ ကားနေ၏။

 

ဆရာတော်သည် .. ကျွဲကြီးများကို မြင်သောအခါ ထိုဒေသမှ ဒကာကြီးများကို ယခုကဲ့သို့ မေးကြည့်လေ၏။

 

“ဒကာကြီး .. ဒီလောက် သန်မာတဲ့ ကျွဲကြီးတွေက ဒကာကြီးတို့ကို ပြန်ပြီး ရန်မမူကြဘူးလား” “တစ်ခါတလေတော့ ရန်မူတယ် ဘုရား၊ တလောက ဟိုဘက်ရွာကေ တာင်သူတစ်ယောက် ကျွဲခတ် လိုက်တာ ဗိုက်ပေါက်ပြီး နေရာမှာတင် ပွဲချင်းပြီး သေပါရောလားဘုရား”

 

“အိုး… ကြောက်စရာ ကောင်းလိုက်တာ၊ ကျွဲထိန်းရတာလည်း တော်တော် အန္တရာယ်များတာပဲ” “ဒါက ဖြစ်ခဲ ပါတယ်ဘုရား၊ သူတို့ ကျွဲထိန်းတဲ့ နေရာမှာ ညှာလိုက် လို့ပါ”

 

“ဒကာကြီးက ဘယ်လို ထိန်းလို့လဲ၊ ကြောက်အောင် ရိုက်နှက် ထားလို့လား”

 

“တစ်ချက်မှ ရိုက်နှက်စရာမလိုဘဲ ထိန်းတဲ့နည်းရှိ တယ်ဘုရား” “ဒကာကြီးတို ့နည်းက ဘုန်းကြီးတို့ လို မေတ္တာသမားနဲ့ ကိုက်တာပေါ့ ဘယ်လို ထိန်းတာလဲ”

 

“အလုပ်နဲ့ ထိန်းတာပါဘုရား လယ်ချိန် လယ်ထွန်တယ်၊ ယာချိန် ယာထွန်တယ်၊ လယ်တွေ၊ ယာတွေ မရှိရင် ရေခပ်ခိုင်းတယ်။ ရေစည်ကို လှည်းပေါ်တင်ပြီး မြစ်ရေကို သယ်တယ်။ ရေသယ်စရာ မရှိရင်ထင်း လိုက်တယ်ဘုရား …”

 

“အဲဒီလို မနားတမ်း ခိုင်းနေမယ် ဆိုရင် ဒီကျွဲဟာပင်ပန်းပြီး ညောင်းနေတဲ့ အတွက် နားရတဲ့ အချိန်လေးမှာ ငြိမ်နေတာ ပေါ့ဘုရား …။ ဒေါသဖြစ် ချိန်ကို မပေးတော့ဘူ းဘုရား”

 

“အို… ဒကာကြီးတို့ပြောတဲ့ ကျွဲထိန်းနည်းက .. ဘုန်းကြီး အတွက်တော့ တရားတစ်ပုဒ်ပါပဲ၊ ကျွဲကြီးကို စိတ်နေရာမှာ ထားပြီး စိတ်ကို အလွတ်မထားဘူး အမြဲခိုင်းနေမယ် ဆိုရင် လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ ကိလေသာတွေ မဝင်နိုင်ဘူးပေါ့”

 

“ဒါကြောင့် ..ကိုယ်တော်တို့ တတွေလည်း စိတ်ကို အအားမပေးနဲ့။ စိတ်ဆိုတာ … မကောင်းတဲ့ ဘက်မှာ ပျော်တာ။ အားနေရင် စာဖတ်၊ စာရေး တရားနာ။ ဟော… အဲဒီလို မနားတမ်း လုပ်ကြပါလို့ တိုက်တွန်းပါတယ်”

 

(မေတ္တာရှင်သံခဲနှင့် ပန်းပဲဆရာများ မှ)

ပြန်​လည်​မျှ​ဝေပါသည်​။

Zawgyi

တစ္ခါေတာ့ ..ျမစ္ဝကြၽန္းေပၚ ေဒသ တစ္ခုသို႔ ဆရာေတာ္ တရားေဟာႂကြေလ၏။ ထိုေဒသတြင္ မိုးမ်ားသည့္ အတြက္ ေတာင္ယာသမား အမ်ားစုသည္ ႏြားအစား ကြၽဲမ်ားျဖင့္သာ ထြန္ယက္ စိုက္ပ်ိဳးၾကရေလ၏။

 

ကြၽဲမ်ားသည္ သန္မာထြားက်ိဳင္းၿပီး ခ်ိဳႀကီးမ်ား ကားေန၏။

 

ဆရာေတာ္သည္ .. ကြၽဲႀကီးမ်ားကို ျမင္ေသာအခါ ထိုေဒသမွ ဒကာႀကီးမ်ားကို ယခုကဲ့သို႔ ေမးၾကည့္ေလ၏။

 

“ဒကာႀကီး .. ဒီေလာက္ သန္မာတဲ့ ကြၽဲႀကီးေတြက ဒကာႀကီးတို႔ကို ျပန္ၿပီး ရန္မမူၾကဘူးလား” “တစ္ခါတေလေတာ့ ရန္မူတယ္ ဘုရား၊ တေလာက ဟိုဘက္႐ြာေက တာင္သူတစ္ေယာက္ ကြၽဲခတ္ လိုက္တာ ဗိုက္ေပါက္ၿပီး ေနရာမွာတင္ ပြဲခ်င္းၿပီး ေသပါေရာလားဘုရား”

 

“အိုး… ေၾကာက္စရာ ေကာင္းလိုက္တာ၊ ကြၽဲထိန္းရတာလည္း ေတာ္ေတာ္ အႏၱရာယ္မ်ားတာပဲ” “ဒါက ျဖစ္ခဲ ပါတယ္ဘုရား၊ သူတို႔ ကြၽဲထိန္းတဲ့ ေနရာမွာ ညွာလိုက္ လို႔ပါ”

 

“ဒကာႀကီးက ဘယ္လို ထိန္းလို႔လဲ၊ ေၾကာက္ေအာင္ ရိုက္ႏွက္ ထားလို႔လား”

 

“တစ္ခ်က္မွ ရိုက္ႏွက္စရာမလိုဘဲ ထိန္းတဲ့နည္းရွိ တယ္ဘုရား” “ဒကာႀကီးတို ့နည္းက ဘုန္းႀကီးတို႔ လို ေမတၱာသမားနဲ႕ ကိုက္တာေပါ့ ဘယ္လို ထိန္းတာလဲ”

 

“အလုပ္နဲ႕ ထိန္းတာပါဘုရား လယ္ခ်ိန္ လယ္ထြန္တယ္၊ ယာခ်ိန္ ယာထြန္တယ္၊ လယ္ေတြ၊ ယာေတြ မရွိရင္ ေရခပ္ခိုင္းတယ္။ ေရစည္ကို လွည္းေပၚတင္ၿပီး ျမစ္ေရကို သယ္တယ္။ ေရသယ္စရာ မရွိရင္ထင္း လိုက္တယ္ဘုရား …”

 

“အဲဒီလို မနားတမ္း ခိုင္းေနမယ္ ဆိုရင္ ဒီကြၽဲဟာပင္ပန္းၿပီး ေညာင္းေနတဲ့ အတြက္ နားရတဲ့ အခ်ိန္ေလးမွာ ၿငိမ္ေနတာ ေပါ့ဘုရား …။ ေဒါသျဖစ္ ခ်ိန္ကို မေပးေတာ့ဘူ းဘုရား”

 

“အို… ဒကာႀကီးတို႔ေျပာတဲ့ ကြၽဲထိန္းနည္းက .. ဘုန္းႀကီး အတြက္ေတာ့ တရားတစ္ပုဒ္ပါပဲ၊ ကြၽဲႀကီးကို စိတ္ေနရာမွာ ထားၿပီး စိတ္ကို အလြတ္မထားဘူး အၿမဲခိုင္းေနမယ္ ဆိုရင္ ေလာဘ၊ ေဒါသ၊ ေမာဟဆိုတဲ့ ကိေလသာေတြ မဝင္နိုင္ဘူးေပါ့”

 

“ဒါေၾကာင့္ ..ကိုယ္ေတာ္တို႔ တေတြလည္း စိတ္ကို အအားမေပးနဲ႕။ စိတ္ဆိုတာ … မေကာင္းတဲ့ ဘက္မွာ ေပ်ာ္တာ။ အားေနရင္ စာဖတ္၊ စာေရး တရားနာ။ ေဟာ… အဲဒီလို မနားတမ္း လုပ္ၾကပါလို႔ တိုက္တြန္းပါတယ္”

 

(ေမတၱာရွင္သံခဲႏွင့္ ပန္းပဲဆရာမ်ား မွ)

ျပန္​လည္​မွ်​ေဝပါသည္​

Leave a Reply

Your email address will not be published. Required fields are marked *