အိပ်ရာဘေးမှာရေခွက်မထားသင့်တဲ့အကြောင်းရင်း (၆)ချက်

အိပ်ရာဘေးမှာရေခွက်မထားသင့်တဲ့အကြောင်းရင်း (၆)ချက်

 

တစ်နေကုန် ရေဓါတ်ပြည့်နေဖို့ တစ်ရက်ကို ရေ ၈ ခွက်သောက်ဖို့ ဆရာဝန်တွေက အကြံပေးကြပါတယ်။ မနက်အိပ်ရာထရင် သောက်ဖို့အတွက် ရေတစ်ဖန်ခွက်ကို အိပ်ရာဘေးမှာ ထားလေ့ထားထ ရှိကြပါတယ်။ ဒါပေမယ့် အိပ်ရာဘေးမှာ ရေတစ်ဖန်ခွက်ထားခြင်းက ထင်သလောက် အကျိုးမရှိပါဘူး။

 

၁။ ဖန်ခွက်ထဲမှာ အမှုန်အမွှားတွေ ဝင်နိုင်ခြင်း

 

ရေကို အဖုံးမပါတဲ့ ဖန်ခွက်ထဲမှာ မနက်အထိထားရင် ခြင်၊ ယင်ကောင်နဲ့ အခြားအင်းဆက်ပိုးတွေ ဝင်နေနိုင်ပါတယ်။ ဖုန်နဲ့အခြားသောအမှုန်တွေကလည်း ရေထဲမှာ ကျနေတတ်ပါတယ်။ အဲဒါကို သတိမထားမိဘဲ မနက်မှာ နိုးနိုးချင်း မသန့်တဲ့ရေကို သောက်မိသွားမှာပါ။

၂။ ရေအရသာပြောင်းနိုင်ခြင်း

 

ရေကို ဖန်ခွက်ထဲမှာ ထည့်ထည့်ထားချင်းဆိုရင်တော့ ရေထဲမှာ ကလိုရင်း ပါနိုင်ပါတယ်။ ဒါပေမယ့် တစ်ညလုံး ကြာသွားတဲ့အခါ ကလိုရင်းက အငွေ့ပြန်သွားပြီး ရေအရသာပြောင်းသွားပါပြီ။ ခပ်ခပ်ချင်းရေနဲ့ တစ်ညလုံးထည့်ထားတဲ့ရေ အရသာ မတူတော့တာကို တွေ့ရမှာပါ။

 

၃။ ရောဂါပိုးများ ပေါက်ဖွားနိုင်ခြင်း

 

ညဘက်မှာ ရေကို နည်းနည်းချင်းသောက်တဲ့အခါ ပါးစပ်ထဲက သန်းနဲ့ချီတဲ့ ပိုးမွှားတွေက ဖန်ခွက်ထဲကရေကို ဝင်သွားပါတယ်။ မနက်ရောက်ရင်တော့ ရေထဲမှာ ပိုးမွှားတွေ ပွှားနေလောက်ပါပြီ။

 

၄။ မီးအန္တရာယ် ရှိနိုင်ခြင်း

လူအများစုက အိပ်ရာဘေးမှာ ပလပ်ပေါက်တွေ ထားတတ်ကြပါတယ်။ ညဘက်မှာ ရေဖန်ခွက်ကို အခန့်မသင့်ဘဲ လက်နဲ့တိုက်မိတဲ့အခါ ရေတွေမှောက်ပြီး မီးရှော့ဖြစ်နိုင်ပါတယ်။

 

၅။ ရေထဲမှာ အက်ဆစ်ဓါတ် အနည်းငယ်ပိုလာနိုင်ခြင်း

 

ရေခွက်ကို မဖုံးဘဲ တစ်ညလုံးထားတဲ့အခါ ရေက ကာဗွန်ဒိုင်အောက်ဆိုက် အနည်းငယ်ကို စုပ်ယူပါတယ်။ အဲဒီနောက် pH က ပြောင်းလဲသွားပါတယ်။ ရေက pH level နိမ့်ပြီး အက်ဆစ်ဓါတ်အနည်းငယ်ပိုလာနိုင်ပါတယ်။ အက်ဆစ်ဓါတ် အနည်းငယ် ပြောင်းလဲသွားတဲ့ ရေကလည်း ကျန်းမာရေးကို ထိခိုက်စေပါတယ်။

 

၆။ အိပ်ရေးပျက်ခြင်း

 

ရေကို အိပ်ရာဘေးမှာထားပြီး ခဏခဏ သောက်တဲ့အခါ အိမ်သာခဏခဏ သွားရတော့မှာပါ။ နေ့စဉ် အကျင့်ပါသွားတဲ့အခါ အိပ်ရေးပျက်တာကို ခံစားရမှာပါ။ အဲဒါကြောင့် ညဘက်မှာလည်း ရေကို အများကြီး မသောက်သင့်ပါဘူး။

Zawgyi

တစ္ေနကုန္ ေရဓါတ္ျပည့္ေနဖို႔ တစ္ရက္ကို ေရ ၈ ခြက္ေသာက္ဖို႔ ဆရာဝန္ေတြက အႀကံေပးၾကပါတယ္။ မနက္အိပ္ရာထရင္ ေသာက္ဖို႔အတြက္ ေရတစ္ဖန္ခြက္ကို အိပ္ရာေဘးမွာ ထားေလ့ထားထ ရွိၾကပါတယ္။ ဒါေပမယ့္ အိပ္ရာေဘးမွာ ေရတစ္ဖန္ခြက္ထားျခင္းက ထင္သေလာက္ အက်ိဳးမရွိပါဘူး။

 

၁။ ဖန္ခြက္ထဲမွာ အမႈန္အမႊားေတြ ဝင္နိုင္ျခင္း

ေရကို အဖုံးမပါတဲ့ ဖန္ခြက္ထဲမွာ မနက္အထိထားရင္ ျခင္၊ ယင္ေကာင္နဲ႔ အျခားအင္းဆက္ပိုးေတြ ဝင္ေနနိုင္ပါတယ္။ ဖုန္နဲ႔အျခားေသာအမႈန္ေတြကလည္း ေရထဲမွာ က်ေနတတ္ပါတယ္။ အဲဒါကို သတိမထားမိဘဲ မနက္မွာ နိုးနိုးခ်င္း မသန႔္တဲ့ေရကို ေသာက္မိသြားမွာပါ။

 

၂။ ေရအရသာေျပာင္းနိုင္ျခင္း

 

ေရကို ဖန္ခြက္ထဲမွာ ထည့္ထည့္ထားခ်င္းဆိုရင္ေတာ့ ေရထဲမွာ ကလိုရင္း ပါနိုင္ပါတယ္။ ဒါေပမယ့္ တစ္ညလုံး ၾကာသြားတဲ့အခါ ကလိုရင္းက အေငြ႕ျပန္သြားၿပီး ေရအရသာေျပာင္းသြားပါၿပီ။ ခပ္ခပ္ခ်င္းေရနဲ႔ တစ္ညလုံးထည့္ထားတဲ့ေရ အရသာ မတူေတာ့တာကို ေတြ႕ရမွာပါ။

 

၃။ ေရာဂါပိုးမ်ား ေပါက္ဖြားနိုင္ျခင္း

ညဘက္မွာ ေရကို နည္းနည္းခ်င္းေသာက္တဲ့အခါ ပါးစပ္ထဲက သန္းနဲ႔ခ်ီတဲ့ ပိုးမႊားေတြက ဖန္ခြက္ထဲကေရကို ဝင္သြားပါတယ္။ မနက္ေရာက္ရင္ေတာ့ ေရထဲမွာ ပိုးမႊားေတြ ပႊားေနေလာက္ပါၿပီ။

 

၄။ မီးအႏၲရာယ္ ရွိနိုင္ျခင္း

 

လူအမ်ားစုက အိပ္ရာေဘးမွာ ပလပ္ေပါက္ေတြ ထားတတ္ၾကပါတယ္။ ညဘက္မွာ ေရဖန္ခြက္ကို အခန႔္မသင့္ဘဲ လက္နဲ႔တိုက္မိတဲ့အခါ ေရေတြေမွာက္ၿပီး မီးေရွာ့ျဖစ္နိုင္ပါတယ္။

 

၅။ ေရထဲမွာ အက္ဆစ္ဓါတ္ အနည္းငယ္ပိုလာနိုင္ျခင္း

 

ေရခြက္ကို မဖုံးဘဲ တစ္ညလုံးထားတဲ့အခါ ေရက ကာဗြန္ဒိုင္ေအာက္ဆိုက္ အနည္းငယ္ကို စုပ္ယူပါတယ္။ အဲဒီေနာက္ pH က ေျပာင္းလဲသြားပါတယ္။ ေရက pH level နိမ့္ၿပီး အက္ဆစ္ဓါတ္အနည္းငယ္ပိုလာနိုင္ပါတယ္။ အက္ဆစ္ဓါတ္ အနည္းငယ္ ေျပာင္းလဲသြားတဲ့ ေရကလည္း က်န္းမာေရးကို ထိခိုက္ေစပါတယ္။

၆။ အိပ္ေရးပ်က္ျခင္း

 

ေရကို အိပ္ရာေဘးမွာထားၿပီး ခဏခဏ ေသာက္တဲ့အခါ အိမ္သာခဏခဏ သြားရေတာ့မွာပါ။ ေန႔စဥ္ အက်င့္ပါသြားတဲ့အခါ အိပ္ေရးပ်က္တာကို ခံစားရမွာပါ။ အဲဒါေၾကာင့္ ညဘက္မွာလည္း ေရကို အမ်ားႀကီး မေသာက္သင့္ပါဘူး။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *