ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၆နှစ်ပြည့်မွေးနေ့အတွက် ဆောင်းဦးလှိုင်ရဲ့ မွေးနေ့ဆုတောင်း
” ပြည်သူအများက သတ်မှတ်ထားတာ “
ပြည်သူ့မိခင် ပြည်သူ့ခေါင်းဆောင်
ဒါကိုမိစ္ဆာတွေက ဖျက်ဆီးလို့မရသလို
ဘယ်သူကမှလည်း ဇွတ်ဖန်တီးယူလို့မရဘူး။
ရင်ကြားစေ့ရေးတွေ၊တိုင်းရင်းသားလူနည်းစု
အပေါ်သဘောထားတွေမတိုက်ဆိုင်ရင်နေ
မဟုတ်တရုတ်စွပ်စွဲချက်တွေနဲ့ အမှုဆင်
အပုတ်ချ ဖမ်းဆီးချင်ဖမ်းဆီး
သူ့လောက်ချစ်ခင်လေးစားအားကိုးတာခံရတဲ့
နိုင်ငံရေးခေါင်းဆောင်မရှိသေးဘူး။
၇၆ နှစ်ဆိုတာ အသက်ကြီးလှပါပြီ။
ကျွန်တော်တို့တော်လှန်ရေးအောင်မြင်တဲ့အခါပြောစရာရှိတာ ပွင့်ပွင့်လင်းလင်းပြောကြတာပေါ့။မိိစ္ဆာတွေဟာ မေတ္တာတရားနဲ့မထိုက်တန်ကြောင်း၊ တိုင်းရင်းသားတွေရဲ့အခွင့်အရေးအားလုံးဟာတန်းတူရရှိကြရမှာဖြစ်ကြောင်း။
အခု ဒေါ်အောင်ဆန်းစုကြည် ( အမေစု )ရဲ့၇၆နှစ်ပြည့်မွေးနေ့မှာတော့ဆုတောင်းမေတ္တာပို့ကြပါစို့။
အမြန်ဆုံးလွတ်မြောက်ပါစေ။ကျန်းမာပါစေ ခင်ဗျာ
Crd-ဆောင်းဦးလှိုင် ၁၉.၆.၂၀၂၁