ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပါ

ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပါ

နည်းနည်းလေး အတ္တဆန်​ကောင်း ဆန်နိုင်ပါတယ် ဒါပေမယ့် ဘယ်သူများ ငါ့ကို နားလည်ပေးနိုင်မလဲဆိုတာထက်စာ အများကြီး ပိုကောင်းပါတယ် လဲကျသွားတဲ့အခါ ဘယ်သူကများ ငါ့ကို ဆွဲထူမပေးလိမ့်မယ်လို့ တွေးနေတာထက်စာရင် ကိုယ်ကိုယ်တိုင်ပြန်ပြီး ထရတဲ့အချိန်တွေ ပိုများပါတယ်

 

တစ်စုံ​တစ်ယောက်ကြောင့် နာကျင်လာရတဲ့အခါ ဘယ်သူကများ ဖေးမလိမ့်မလဲလို့ ဆက်ပြီးတွေးနေတုန်းလာ ကိုယ့်ပျော်ရွှင်မှုက ကိုယ်နဲ့ပဲ ဆိုင်ပါတယ် ကိုယ်ပျော်ချင် ပျော်အောင်နေတတ်ဖို့ပဲလိုတာ ဒုက္ခရောက်တဲ့အခါ ဘယ်သူ့ကိုမှ မတနဲ့ ကိုယ့်လမ်းကိုယ်လျှောက်မှပဲ ကိုယ့်ပန်းတိုင်ကိုယ်ရောက်တာပါ အရာရာမှာ ကိုယ်ပဲ လိုပါတယ် ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ပိုပြီး ချစ်ပါ

အတ္တကြီးပါလို့ ​ဆိုတာလိုတာမျိုးမဟုတ်ပဲ တခြားတစ်ယောက်အတွက် ကိုယ့်ကိုယ်ကိုယ် မနာကျင်စေချင်တာပါ ကိုယ့်အတွေးနဲ့ကိုယ် အအိပ်ပျက် အစားပျက်တာတွေက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရာကျတယ်လေ ကိုယ့်ထက် တစ်စုံတစ်ယောက်ကို ပိုချစ်လိုက်တဲ့အခါ အဲ့ဒီလူကြောင့်ပဲ ကိုယ့်မှာ နာကျင်ရပါတယ် ငါ့အတွက် ငါ့အတွက် ကြီးပဲဆိုတာမျိုးက အတ္တကြီးတာကိုယ့်ကိုယ်ကိုယ် ချစ်တာ မဟုတ်ဘူး

 

တကယ်လို့ ကိုယ်ကိုယ်ကိုယ်သာ အမှန်တကယ်ချစ်မြတ်နိုးတတ်ရင် ကိုယ့်မိသားစု ကိုယ်ပတ်၀န်းကျင် အရာအားလုံးကို ချစ်တတ်လာလိမ့်မယ် ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် မလုပ်တော့သလို ကိုယ့်မိသားစုကိုလဲ မထိခိုက်စေချင်ကြဘူးလေ

 

လောကမှာလေ . . . .ကိုယ့်လောက် ကိုယ့်အပေါ်နားလည်အနိုင်ဆုံးဆိုလို့ ဒီကမ္ဘာမှာ ကိုယ်တစ်ယောက်တည်းပဲရှိတယ် ဒါ့ကြောင့် ကိုယ့်ကိုယ်ကိုယ်သာ ချစ်ပါ ။

 

မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ‌ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ်

 

ကိုယ့္ကိုယ္ကိုယ္သာ ခ်စ္ပါ

နည္းနည္းေလး အတၱဆန္​ေကာင္း ဆန္နိုင္ပါတယ္ ဒါေပမယ့္ ဘယ္သူမ်ား ငါ့ကို နားလည္ေပးနိုင္မလဲဆိုတာထက္စာ အမ်ားႀကီး ပိုေကာင္းပါတယ္ လဲက်သြားတဲ့အခါ ဘယ္သူကမ်ား ငါ့ကို ဆြဲထူမေပးလိမ့္မယ္လို႔ ေတြးေနတာထက္စာရင္ ကိုယ္ကိုယ္တိုင္ျပန္ၿပီး ထရတဲ့အခ်ိန္ေတြ ပိုမ်ားပါတယ္

 

တစ္စုံ​တစ္ေယာက္ေၾကာင့္ နာက်င္လာရတဲ့အခါ ဘယ္သူကမ်ား ေဖးမလိမ့္မလဲလို႔ ဆက္ၿပီးေတြးေနတုန္းလာ ကိုယ့္ေပ်ာ္ရႊင္မွုက ကိုယ္နဲ႔ပဲ ဆိုင္ပါတယ္ ကိုယ္ေပ်ာ္ခ်င္ ေပ်ာ္ေအာင္ေနတတ္ဖို႔ပဲလိုတာ ဒုကၡေရာက္တဲ့အခါ ဘယ္သူ႔ကိုမွ မတနဲ႔ ကိုယ့္လမ္းကိုယ္ေလၽွာက္မွပဲ ကိုယ့္ပန္းတိုင္ကိုယ္ေရာက္တာပါ အရာရာမွာ ကိုယ္ပဲ လိုပါတယ္ ဒါေၾကာင့္ ကိုယ့္ကိုယ္ကိုယ္သာ ပိုၿပီး ခ်စ္ပါ

 

အတၱႀကီးပါလို႔ ​ဆိုတာလိုတာမ်ိဳးမဟုတ္ပဲ တျခားတစ္ေယာက္အတြက္ ကိုယ့္ကိုယ္ကိုယ္ မနာက်င္ေစခ်င္တာပါ ကိုယ့္အေတြးနဲ႔ကိုယ္ အအိပ္ပ်က္ အစားပ်က္တာေတြက ကိုယ့္ကိုယ္ကိုယ္ ႏွိပ္စက္ရာက်တယ္ေလ ကိုယ့္ထက္ တစ္စုံတစ္ေယာက္ကို ပိုခ်စ္လိုက္တဲ့အခါ အဲ့ဒီလူေၾကာင့္ပဲ ကိုယ့္မွာ နာက်င္ရပါတယ္ ငါ့အတြက္ ငါ့အတြက္ ႀကီးပဲဆိုတာမ်ိဳးက အတၱႀကီးတာကိုယ့္ကိုယ္ကိုယ္ ခ်စ္တာ မဟုတ္ဘူး

 

တကယ္လို႔ ကိုယ္ကိုယ္ကိုယ္သာ အမွန္တကယ္ခ်စ္ျမတ္နိုးတတ္ရင္ ကိုယ့္မိသားစု ကိုယ္ပတ္၀န္းက်င္ အရာအားလုံးကို ခ်စ္တတ္လာလိမ့္မယ္ ကိုယ့္ကိုယ္ကိုယ္ ထိခိုက္ေအာင္ မလုပ္ေတာ့သလို ကိုယ့္မိသားစုကိုလဲ မထိခိုက္ေစခ်င္ၾကဘူးေလ

 

ေလာကမွာေလ . . . .ကိုယ့္ေလာက္ ကိုယ့္အေပၚနားလည္အနိုင္ဆုံးဆိုလို႔ ဒီကမၻာမွာ ကိုယ္တစ္ေယာက္တည္းပဲရွိတယ္ ဒါ့ေၾကာင့္ ကိုယ့္ကိုယ္ကိုယ္သာ ခ်စ္ပါ ။

 

မူရင္းစာေရးသားသူ သၽွင္ယြန္း ေလးစားစြာျဖင့္ ‌ျပန္လွန္မၽွေဝျခင္းျဖစ္ပါတယ္

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *