တစ်စုံတစ်ယောက်က သင့်ကို အရမ်း လွမ်းနေတဲ့အခါ ဒီအရာတွေ သင်ကြုံတွေ့ရမှာပါ

တစ်စုံတစ်ယောက်က သင့်ကို အရမ်း လွမ်းနေတဲ့အခါ ဒီအရာတွေ သင်ကြုံတွေ့ရမှာပါ

လူတွေရဲ့ စိတ်က လူတွေထင်ထားတာထက်ကို စွမ်းအင်ပြင်းထန်တဲ့ အရာတစ်ခုပါ။ စိတ်စွမ်းအားတွေဆိုတာ ဟိုးအဝေးမှာ ရောက်နေတဲ့ တစ်စုံတစ်ယောက်ကို ဆက်သွယ်နိုင်တဲ့အထိကို အင်အားကောင်းလွန်းပါတယ်။ ဒီတော့ တစ်စုံတစ်ယောက်က သင့်ကို အရမ်း သတိရနေတာမျိုး၊ လွမ်းနေတဲ့အခါမျိုးမှာ သင့်ဆီမှာ ဒီအချက်တွေ တွေ့လာရမှာ ဖြစ်ပါတယ်။

 

ရုတ်တရက် သူ့အကြောင်း တွေးမိသွားတယ်

ကိုယ့်အကြောင်း တစ်ယောက်ယောက်က တွေးနေတဲ့အခါ၊ သူက ကိုယ့်ကိုယ် အရမ်း သတိရနေတဲ့အခါမှာ သူ့စိတ်ရဲ့ စွမ်းအားက ကိုယ့်စိတ်မှာ လာထင်ဟပ်တတ်ပါတယ်။ ဒါဟာ စိတ်စွမ်းအားရဲ့ ထိန်းချုပ်နိုင်စွမ်း တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒီတော့ ရုတ်တရက် ကိုယ်က မတွေးပဲ သူ့အကြောင်း ဖျက်ခနဲခေါင်းထဲရောက်လာတတ်ပြီး သူ့အကြောင်း စဉ်းစားမိသွားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါက ကိုယ့်ကိုယ် တစ်စုံတစ်ယောက်က အရမ်း သတိရ လွမ်းဆွတ်နေတယ်ဆိုတာကို ဖော်ပြနေတာပါ။

 

အိပ်မက်မက်တတ်တယ်

ဟိုအရင်တော့ တစ်စုံတစ်ယောက်အကြောင်း အိပ်မက်မက်တဲ့အခါ ကိုယ့်စိတ်ထဲမှာ သူရှိနေတဲ့အတွက် အိပ်မက်မက်တာလို့ ထင်တတ်ပါတယ်။ တကယ်တမ်းမှာတော့ သူက ကိုယ့်ကိုယ် ပြင်းပြင်းပြပြ သတိရနေတဲ့အခါမှာ ကိုယ့်အိပ်မက်ထဲအထဲကို သူရောက်ရှိလာတတ်တာပါ။ ဒါက သူ့ရဲ့ သတိရစိတ်အရမ်း အားကောင်းနေတဲ့အတွက် ကိုယ့်ရဲ့ အိပ်မက်ထဲအထိအောင်ကို ဝင်ရောက်နိုင်တာပဲ ဖြစ်ပါတယ်နော်။

 

သူ့ကို သတိရနေတတ်တယ်

တစ်ယောက်ယောက်က ကိုယ့်ကိုယ် ရက်တော်တော်များများ သတိရနေမိတဲ့အခါမှာ ကိုယ်ကလည်း သူ့ကို သတိရလာတတ်ပါတယ်။ သူ့ကို အရမ်းတွေ့ချင်လာတတ်တာမျိုး၊ သူ့ဆီဖုန်းဆက်ချင်တာမျိုး ဖြစ်လာတတ်ပြီး အကြောင်းမရှိပဲကို သူ့ကို သတိရနေတတ်တာပါ။ ဒါက သူကိုယ့်ကိုယ် သတိရတဲ့ စိတ်က ကိုယ့်ဆီကို ဆက်သွယ်လာပြီး အဲဒီ့စိတ်ကြောင့် ကိုယ်လည်း သူ့ကို သတိရသွားစေတာ ဖြစ်ပါတယ်။

 

တိုက်ဆိုင်မှုတွေ ဖြစ်တတ်တယ်

ဥပမာ – ကိုယ်က သူ့အကြောင်း စဉ်းစားမိသွားတဲ့အချိန်မှာ သူ့ဆီက ဆက်သွယ်လာတာမျိုး၊ သူဆီက စာပို့လာတာမျိုး ဒါမှမဟုတ် သူ ရုတ်တရက် ရောက်လာတတ်တာမျိုးက တိုက်ဆိုင်မှုတစ်ခုလို့ ထင်ရတတ်ပေမယ့် ဒါဟာ စိတ်ချင်းဆက်သွယ်မှုကြောင့် ဖြစ်ပါတယ်။ သူသင့်ကို သတိရနေတဲ့အတွက် သင်လည်း သတိရစေပြီး သူ့အကြောင်း စဉ်းစားနေတဲ့အချိန်မှာပဲ ရုတ်တရက် ဆက်သွယ်လာတတ်တာပါ။ ဒါဟာ တစ်စုံတစ်ယောက်က ကိုယ့်ကိုယ် အရမ်းသတိရ လွမ်းနေတဲ့အခါမျိုးမှာ ဖြစ်တတ်တာလေးတွေပါနော်။

 

Khin

 

အဲ့ဒါ​ကြောင့် သူ့အ​ကြောင်း ခဏခဏ ​တွေးမိ​နေတာကိုး

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *