ပြတ်သားလိုက်ဖို့ တွေးပါပြီ နာကျင်လဲခဏပေါ့

ပြတ်သားလိုက်ဖို့ တွေးပါပြီ နာကျင်လဲခဏပေါ့

ကိုယ့်မှာ ဆွဲထားနေရတာ ပင်ပန်းနေပြီ …. တစ်နေ့ကျရင်ဆိုပြီး မျှော်လင့်နေတာလေးတွေဟာ ဘယ်နေ့မှ ဖြစ်လာတော့မှာ မဟုတ်မှန်း တဖြေးဖြေးလဲ နားလည်သဘောပေါက်လာပြီပေါ့ ။ အပြန်အလှန်ဆိုတာ ဘယ်နေရာမှာမဆို လိုအပ်တာပါပဲ ကိုယ်ကပဲ ချစ်နေရတဲ့ ဇာတ်လမ်းတွေမှာ ကိုယ်ကပဲ နာကျင်နေရတဲ့ အဖြစ်တွေကို ရပ်တန်းက ရပ်ပစ်လိုက်ဖို့ ကြိုးစားနေပါပြီ

 

တစ်နေ့မှာ ၂၄ နာရီ အဲ့ဒီ ၂၄ နာရီထဲမှာမှ တစ်စက္ကန့်လေးတောင် ကိုယ်က မထိုက်ခဲ့တဲ့ အဖြစ်တွေဟာ အခုမှ မဟုတ်ဘူး လွန်ခဲ့သော ၇၃၀ ရက်တွေကတည်းက ဖုန်းဆက်ရင် မအားသေးဘူးဆိုတာက ထိပ်ဆုံးကလာတယ် ဘာပြောမလို့လဲ ဆိုတဲ့စကားနဲ့ ပြောစရာစကားတွေကို ပိတ်ပစ်တယ် ငါ ဘာများဆက်ပြောနိုင်ဦးမှာလဲ … ငါဘယ်လို အင်အားနဲ့ မင်းကို လွမ်းလို့ပါဆိုပြီး မျက်နှာပြောင် တိုက်နေနိုင်ဦးမှာလဲ

တစ်နေ့ကျရင် နားလည်လာမှာပါ ပြန်ချစ်လာမှာပါဆိုတဲ့ မျှော်လင့်ချက်လေးနဲ့ လိုချင်မယ်ထင်တဲ့အရာတွေ လိုအပ်မယ်ထင်တဲ့အရာတွေ ဖြည့်ဆည်းပေးခဲ့ဖူးတယ် တစ်ခုရဖို့ ဘယ်လောက်ကြိုးစားပေးခဲ့ရသလဲဆိုတာကို မမြင်ခဲ့မတွေ့ခဲ့ဘူး များသောအားဖြင့် ကိုယ့်မေတ္တာတွေ အလာဟသ ဖြစ်တာများတယ် အရင်ဆုံး အပြစ်ရှာတယ် နည်းနည်းလေးတောင် ကြည်နူးခွင့်မပေးဘူးလေ

 

ActiveNow တွေလား မြင်တာပေါ့ တစ်ရက်မှာ ၁၂ နာရီလောက် မီးစိမ်းနေတာပဲ စာတွေလားပို့တာပေါ့ ဘယ်လောက်တောင် အဖက်မလုပ်ခံရသလဲဆိုရင် စာတွေဝင်နေတာတွေ့ပါရဲ့နဲ့ တစ်ချက်တောင် Seen မဖြစ်ခဲ့ဘူး ပို့ထားတဲ့စာတွေ ဖတ်ချင်မှဖတ်တယ် ပြန်ချင်တဲ့အခါမှ ပြန်တယ် ချစ်သူတဲ့ တကယ်ဆိုလေ ကြည်ကြည်နူးနူးလေးပဲ ဖြစ်ချင်ခဲ့တာ ။

တော်ပါပြီ ဒီဆက်ဆံရေးကြီးကို ရပ်တန်းက ရပ်ပစ်လိုက်ဖို့ ဆုံးဖြတ်လိုက်ပြီ အချိန်တွေလဲ မနည်းတော့ဘူးလေ ဒဏ်ရာတွေလဲ မနည်းတော့ သူ့စိတ်နဲ့ ရှင်ပြီး သူ့စိတ်နဲ့ပဲ နာကျင်နေရတာက အရမ်းကို များနေပြီလေ … သူနဲ့အတူဆိုတဲ့ အိပ်မက်တွေနဲ့ ကိုယ့်အိပ်မက်တွေ ဘာမှ ရှိမနေခဲ့တော့တာဟာ ကြာပြီလေ … ရပ်တန်းက ရပ်ပြီးသွားရင် ကိုယ့်ကိုယ်ကို အချိန်တော်တော်ကြာကြာ ပြန်ရှာရဦးမယ်

 

တစ်နှစ်ကြာရင်လဲ ကြာလိမ့်မယ် ဒါမှမဟုတ် တစ်သက်လုံးကြာရင်လဲ ကြာလိမ့်မယ် ကိုယ်ဆက်ပြီး မနာကျင်ချင်တော့တာပါပဲ ။

 

သျှင်ယွန်း

 

ျပတ္သားလုိက္ဖို့ ေတြးပါျပီ နာက်င္လဲခဏေပါ့

 

ကိုယ့္မွာ ဆြဲထားေနရတာ ပင္ပန္းေနျပီ …. တစ္ေန့က်ရင္ဆိုျပီး ေမ်ွာ္လင့္ေနတာေလးေတြဟာ ဘယ္ေန့မွ ျဖစ္လာေတာ့မွာ မဟုတ္မွန္း တေျဖးေျဖးလဲ နားလည္သေဘာေပါက္လာျပီေပါ့ ။ အျပန္အလွန္ဆိုတာ ဘယ္ေနရာမွာမဆုိ လုိအပ္တာပါပဲ ကိုုယ္ကပဲ ခ်စ္ေနရတဲ့ ဇာတ္လမ္းေတြမွာ ကိုယ္ကပဲ နာက်င္ေနရတဲ့ အျဖစ္ေတြကို ရပ္တန္္းက ရပ္ပစ္လုိက္ဖို့ ၾကိဳးစားေနပါျပီ

 

တစ္ေန့မွာ ၂၄ နာရီ အဲ့ဒီ ၂၄နာရီထဲမွာမွ တစ္စကၠန့္ေလးေတာင္ ကုိိယ္က မထိုက္ခဲ့တဲ့ အျဖစ္ေတြဟာ အခုမွ မဟုတ္ဘူး လြန္ခဲ့ေသာ ၇၃၀ရက္ေတြကတည္းက ဖုန္းဆက္ရင္ မအားေသးဘူးဆိုတာက ထိပ္ဆံုးကလာတယ္ ဘာေျပာမလို့လဲ ဆုိတဲ့စကားနဲ႔ ေျပာစရာစကားေတြကို ပိတ္ပစ္တယ္ ငါ ဘာမ်ားဆက္ေျပာနိုင္ဦးမွာလဲ … ငါဘယ္လို အင္အားနဲ႔ မင္းကို လြမ္းလုိ့ပါဆုိျပီး မ်က္နွာေျပာင္ တုိက္ေနနုိင္ဦးမွာလဲ

 

တစ္ေန့က်ရင္ နားလည္လာမွာပါ ျပန္ခ်စ္လာမွာပါဆိုတဲ့ ေမွ်ာ္လင့္ခ်က္ေလးနဲ႔ လုိခ်င္မယ္ထင္တဲ့အရာေတြ လိုအပ္မယ္ထင္တဲ့အရာေတြ ျဖည့္ဆည္းေပးခဲ့ဖူးတယ္ တစ္ခုရဖုိ့ ဘယ္ေလာက္ၾကိဳးစားေပးခဲ့ရသလဲဆုိတာကို မျမင္ခဲ့မေတြ႔ခဲ့ဘူး မ်ားေသာအားျဖင့္ ကိုယ့္ေမတၱာေတြ အလာဟသ ျဖစ္တာမ်ားတယ္ အရင္ဆံုး အျပစ္ရွာတယ္ နည္းနည္းေလးေတာင္ ၾကည္နူးခြင့္မေပးဘူးေလ

 

ActiveNow ေတြလား ျမင္တာေပါ့ တစ္ရက္မွာ ၁၂နာရီေလာက္ မီးစိမ္းေနတာပဲ စာေတြလားပို့တာေပါ့ ဘယ္ေလာက္ေတာင္ အဖက္မလုပ္ခံရသလဲဆုိရင္ စာေတြ၀င္ေနတာေတြ႔ပါရဲ႔နဲ႔ တစ္ခ်က္ေတာင္ Seen မျဖစ္ခဲ့ဘူး ပို့ထားတဲ့စာေတြ ဖတ္ခ်င္မွဖတ္တယ္ ျပန္ခ်င္တဲ့အခါမွ ျပန္တယ္ ခ်စ္သူတဲ့ တကယ္ဆုိေလ ၾကည္ၾကည္နူးနူးေလးပဲ ျဖစ္ခ်င္ခဲ့တာ ။

 

ေတာ္ပါျပီိ ဒီဆက္ဆံေရးၾကီးကို ရပ္တန္းက ရပ္ပစ္လုိက္ဖုိ့ ဆံုးျဖတ္လုိက္ျပီ အခ်ိိန္ေတြလဲ မနည္းေတာ့ဘူးေလ ဒဏ္ရာေတြလဲ မနည္းေတာ့ သူ့စိတ္နဲ႔ ရွင္ျပီး သူ့စိတ္နဲ႔ပဲ နာက်င္္ေနရတာက အရမ္းကို မ်ားေနျပီေလ … သူနဲ႔အတူဆုိတဲ့ အိပ္မက္ေတြနဲ႔ ကုိယ့္အိပ္မက္ေတြ ဘာမွ ရွိမေနခဲ့ေတာ့တာဟာ ၾကာျပီေလ … ရပ္တန္းက ရပ္ျပီးသြားရင္ ကုိယ့္ကိုိုယ္ကို အခ်ိန္ေတာ္ေတာ္ၾကာၾကာ ျပန္ရွာရဦးမယ္

 

တစ္နွစ္ၾကာရင္လဲ ၾကာလိမ့္မယ္ ဒါမွမဟုတ္ တစ္သက္လံုးၾကာရင္လဲ ၾကာလိမ့္မယ္ ကိုယ္ဆက္ျပီး မနာက်င္ခ်င္ေတာ့တာပါပဲ ။

 

သွ်င္ယြန္

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *