ဘယ်သူကမှ လူတစ်ယောက်ကို တောက်လျှောက်ကြီး မချစ်နိုင်ဘူး

ဘယ်သူကမှ လူတစ်ယောက်ကို တောက်လျှောက်ကြီး မချစ်နိုင်ဘူး

တကယ့်အချစ်က ရှည်လျားတဲ့ ဘဝခရီးတလျှောက်မှာ အဲဒီလူကို ထပ်ခါ ထပ်ခါ ချစ်မိသွားခြင်းပဲဖြစ်တယ် တဲ့။

 

လူတစ်ယောက်ကို ထပ်ခါထပ်ခါချစ်မိဖို့ဆိုတာ တော်တော်မလွယ်တဲ့ ကိစ္စမျိုးလား…

လက်ဆောင်ကြီးကြီးပေးမှ၊ စိန်ရွှေတွေဆင်မှ၊ ကားဝယ်ပေးမှ ချစ်မိတာမျိုးလည်း ဖြစ်နိုင်သလို ကိစ္စသေးသေးမွှားမွှားလေးတွေကနေပြီး ထပ်ခါထပ်ခါချစ်မိတာလည်း ဖြစ်နိုင်တာပဲ။

 

ကိုယ်အားငယ်ဝမ်းနည်းချိန်မှာ ပြုံးပြတဲ့အပြုံးတစ်ပွင့်၊ အားပေးတဲ့စကားတစ်ခွန်း၊ နားလည်မှုတစ်ခုကလည်း အဲဒီလူတစ်ယောက်ကို ကိုယ် ထပ်ခါထပ်ခါ ချစ်မိနိုင်ပါတယ်။

ရှေ့ဆက်မယ့်လမ်း ဘယ်လောက်ကြမ်းလည်း တွဲလက်မဖြုတ်တဲ့သူ၊ အဆင်ပြေတဲ့ဘဝကို ရောက်တော့လည်း တွဲလက်ကို ဖြုတ်မချခဲ့တဲ့သူ၊ အိမ်မှုကိစ္စလေး ကူလုပ်၊ ကလေးထိန်းကူတတ်သူ၊ ညောင်းညာတဲ့အခါ ဇက်ပိုးလေး နှိပ်တတ်ပေးသူကိုလည်း ကိုယ်တို့ ထပ်ခါ ထပ်ခါ ချစ်မိတတ်ပါတယ်။

 

အချစ်ဆိုတာ ရိုးရိုးလေးပါ…ကိုယ်တို့ ထပ်ခါထပ်ခါချစ်မိနေဖို့ပဲလိုခဲ့တာ..

 

#နိုင်းနိုင်းစနေ

 

ဘယ္သူကမွ လူတစ္ေယာက္ကို ေတာက္ေလၽွာက္ႀကီး မခ်စ္နိုင္ဘူး။

တကယ့္အခ်စ္က ရွည္လ်ားတဲ့ ဘဝခရီးတေလၽွာက္မွာ အဲဒီလူကို ထပ္ခါ ထပ္ခါ ခ်စ္မိသြားျခင္းပဲျဖစ္တယ္ တဲ့။

 

လူတစ္ေယာက္ကို ထပ္ခါထပ္ခါခ်စ္မိဖို႔ဆိုတာ ေတာ္ေတာ္မလြယ္တဲ့ ကိစၥမ်ိဳးလား…

 

လက္ေဆာင္ႀကီးႀကီးေပးမွ၊ စိန္ေရႊေတြဆင္မွ၊ ကားဝယ္ေပးမွ ခ်စ္မိတာမ်ိဳးလည္း ျဖစ္နိုင္သလို ကိစၥေသးေသးမႊားမႊားေလးေတြကေနၿပီး ထပ္ခါထပ္ခါခ်စ္မိတာလည္း ျဖစ္နိုင္တာပဲ။

 

ကိုယ္အားငယ္ဝမ္းနည္းခ်ိန္မွာ ျပဳံးျပတဲ့အျပဳံးတစ္ပြင့္၊ အားေပးတဲ့စကားတစ္ခြန္း၊ နားလည္မွုတစ္ခုကလည္း အဲဒီလူတစ္ေယာက္ကို ကိုယ္ ထပ္ခါထပ္ခါ ခ်စ္မိနိုင္ပါတယ္။

ေရွ႕ဆက္မယ့္လမ္း ဘယ္ေလာက္ၾကမ္းလည္း တြဲလက္မျဖဳတ္တဲ့သူ၊ အဆင္ေျပတဲ့ဘဝကို ေရာက္ေတာ့လည္း တြဲလက္ကို ျဖဳတ္မခ်ခဲ့တဲ့သူ၊ အိမ္မွုကိစၥေလး ကူလုပ္၊ ကေလးထိန္းကူတတ္သူ၊ ေညာင္းညာတဲ့အခါ ဇက္ပိုးေလး ႏွိပ္တတ္ေပးသူကိုလည္း ကိုယ္တို႔ ထပ္ခါ ထပ္ခါ ခ်စ္မိတတ္ပါတယ္။

 

အခ်စ္ဆိုတာ ရိုးရိုးေလးပါ…ကိုယ္တို႔ ထပ္ခါထပ္ခါခ်စ္မိေနဖို႔ပဲလိုခဲ့တာ..

 

#နိုင္းနိုင္းစေန

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *