လူတွေ မသိတဲ့ အငယ်ဆုံးလေးတွေရဲ့ ရင်တွင်း ခံစားချက်များ
အငယ်ဆုံး ဖြစ်ရတာ ကောင်းတယ်လို့ ပြောကြလေ့ ရှိပါတယ်။ အငယ်ဆုံးတွေမှာလည်း အမြဲ အကောင်းတွေပဲ ရကြတာတော့ မဟုတ်ပါဘူး။ လူတွေကတော့ အငယ်ဆုံးလေးတွေရဲ့ ဒီလို ခံစားချက်တွေကို သိချင်မှ သိမှာပါ။
(၁) မျက်နှာပေး မခံရဘူး
အငယ်တွေက အကြီးတွေလို ခံစားမှုမျိုး မရပါဘူး။ ကိုယ့်ထက် အကြီးဖြစ်သူတွေကို မိဘတွေက ဦးစားပေးပြီး ဖြည့်ဆည်းပေးပြီးမှ အငယ်အလှည့်ကို ရောက်တာပါ။ အကြီးတွေရဲ့ အောင်မြင်မှုတွေက အမြဲ ပိုပြီး ချီးကျူးခံရတာကြောင့် ကိုယ် ကြိုးစားတာတွေက မှေးမှန်သလို ဖြစ်သွားတတ်ပါတယ်။
(၂) အသိအမှတ်ပြု မခံရဘူး
အကြီးတွေလိုမျိုး အငယ်တွေက သိပ်အသိအမှတ်ပြု မခံရပါဘူး။ အကြီးတွေကို နမူနာပေးပြီး ဆုံးမတာလည်း ခံကြရပါတယ်။ အကြီးတွေကို အသိအမှတ်ပြု ဂုဏ်ပြုပေမယ့် အငယ်တွေကိုတော့ အကြီးနဲ့ထပ်တူပြုပြီး ချီးကျူးတာမျိုးပဲ ရှိတတ်ပါတယ်။ တကယ်တော့ အငယ်တွေက ကိုယ့်အရည်အချင်းအတိုင်းပဲ အသိအမှတ်ပြု ခံချင်ကြတာ ဖြစ်ပါတယ်။
(၃) စိုးရိမ်စိတ်တွေကို ရင်ဆိုင်ရတယ်
မိဘတွေက အကြီးတွေကို ယုံကြည်သလောက် အငယ်တွေကိုတော့ စိုးရိမ်နေတတ်ပါတယ်။ ဒါက ချစ်လို့ စိတ်ပူကြတာ ဆိုပေမယ့် အငယ်တွေ အတွက်တော့ ယုံကြည်မှု ရသင့်သလောက် မရလို့ ခံစားနေရတတ်ပါတယ်။
(၄) အငယ်လို့ပဲ အမြင်ခံရတယ်
အငယ်တွေ ရင်ဆိုင်ရတဲ့ ပြဿနာ တစ်ခုက အရွယ်တစ်ခု ရောက်သည့်တိုင်အောင် အငယ်လို့ပဲ အမြင်ခံရတာ ဖြစ်ပါတယ်။ အရွယ်ရောက်လာတဲ့ အသိအမှတ်ပြုမှုမျိုး မခံရကြလို့ စိတ်ပင်ပန်းမှုတွေလည်း ရင်ဆိုင်နေကြရပါတယ်။
(၅) ထည့်သွင်း မစဉ်းစားခံရဘူး
အငယ်က အငယ်လို နေ ဆိုတဲ့ စကားက အငယ်တွေရဲ့ အနာကျင်ဆုံး စကားတစ်ခု ဖြစ်ပါတယ်။ မိသားစု ကိစ္စတွေမှာ ဝင်ပြောခွင့် မရှိဘဲ အငယ်က ငြိမ်ငြိမ်နေဆိုတာမျိုးကိုပဲ အငယ်တွေက လက်ခံရလေ့ ရှိပါတယ်။ အငယ်တွေက အိမ်ရဲ့ အရေးမပါတဲ့လူလို ခံစားနေကြရလေ့ ရှိတာ ဒါကြောင့်ပါပဲ။
Kham
အငယ်တွေမှာလည်း ခံစားချက်နဲ့ပါ