လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ကောင်လေးတွေ ဘာကြောင့် အရူးအမူးဖြစ်တာလဲ

လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ကောင်လေးတွေ ဘာကြောင့် အရူးအမူးဖြစ်တာလဲ

ယောကျာ်းလေးတော်တော်များများက လိုက်ရခက်တဲ့ မိန်းကလေးတွေ၊ လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို ပိုအသည်းအသန် လိုချင်တတ်ကြပါတယ်နော်။ တကယ်တော့ ဒီလိုဖြစ်ရတဲ့ အကြောင်းအရင်းတွေက ဒီအချက်တွေကြောင့်ပဲ ဖြစ်ပါတယ်။

 

ပိုစိတ်ဝင်စားစရာ ကောင်းလို့

လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေက တစ်ခြားမိန်းကလေးတွေနဲ့ မတူညီတာတော့ အမှန်ပါပဲနော်။ သူတို့တွေက ယောကျာ်းလေးတွေအပေါ် ခပ်တည်တည်ဆက်ဆံတတ်သလို မာနလည်း အနည်းငယ် ကြီးတတ်ကြသူတွေပါ။ ဒီအချက်ကပဲ ယောကျာ်းလေးတွေကို ပိုစိတ်ဝင်စားစေတဲ့ အချက်တွေ ဖြစ်နေတတ်ပါတယ်။

 

ပိုတန်ဖိုးကြီးတယ်လို့ ထင်ရလို့

လူတွေရဲ့ သဘာဝက လွယ်လွယ်ရတဲ့အရာတိုင်းကို စျေးပေါတယ်လို့ ထင်တတ်ကြပြီး ခက်ခဲလေလေ ပိုတန်ဖိုးရှိလေလို့ သတ်မှတ်တတ်ကြတာပါ။ ဒီတော့ ကိုယ့်ကိုယ် ငြင်းလေလေ ပိုစိတ်ဝင်စားလေလေ ဖြစ်ပြီး ပိုလည်း တန်ဖိုးထားရယူချင်တတ်ကြတာ ဖြစ်ပါတယ်။

 

ခက်ခဲလေ ပိုရယူချင်လေ

ယောကျာ်းလေးတွေရဲ့ ပင်ကိုယ်ဗီဇအရ တိုက်ခိုက်အနိုင်ရယူချင်ကြတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒီတော့ သူတို့ကို ဂရုမစိုက်ပဲ ငြင်းလေလေ သူတို့က ပိုအနိုင်ယူရယူချင်လာလေ ဖြစ်ပါတယ်နော်။ ဒီလို လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကိုပဲ သူတို့က ပိုချစ်တတ်လာအောင် အနိုင်ယူတိုက်ခိုက်ချင်ကြပါတယ်။င

 

ပိုချစ်တတ်လို့

နောက်ထပ်တစ်ချက်ကတော့ ဒီလို မိန်းကလေးတွေဟာ လွယ်လွယ်မချစ်တတ်တာ မှန်ပေမယ့် သူတို့တကယ်ချစ်မိသွားတဲ့အခါမှာ လွယ်လွယ်ကူကူ မပြတ်တောက်တော့တဲ့ ခိုင်မာတဲ့ ဆက်ဆံရေးကိုသာ တည်ဆောက်တတ်ကြသူတွေပါ။ လွယ်လွယ်မချစ်တတ်ပေမယ့် ချစ်မိသွားရင်လည်း တစ်ခြားသူတွေထက် ပိုချစ်တတ်သလို ပိုလည်းသစ္စာရှိတတ်ကြပါတယ်။ ဒီအချက်ကြောင့်ပဲ ယောကျာ်းလေးတွေက လွယ်လွယ်မချစ်တတ်တဲ့ မိန်းကလေးတွေကို သည်းသည်းလှုပ်ဖြစ်တတ်ကြပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *