အရင်တုန်းက ကိုယ်မကြာခဏတွေးဖူးတယ်.. နောင်တစ်ချိန်မှာ ဘယ်လိုလူမျိုးနဲ့ ဘဝတစ်သက်ကို ဖြတ်သန်းဖြစ်မလဲပေါ့

အရင်တုန်းက ကိုယ်မကြာခဏတွေးဖူးတယ်.. နောင်တစ်ချိန်မှာ ဘယ်လိုလူမျိုးနဲ့ ဘဝတစ်သက်ကို ဖြတ်သန်းဖြစ်မလဲပေါ့

ဆင်းဆင်းရဲရဲလား.. ချမ်းချမ်းသာသာလား… အပူတပြင်လား… ရိုးရိုးစင်းစင်းလား…

 

တကယ်တော့ အချစ်မှာ စံနှုန်းတွေသတ်မှတ်မထားပါဘူး။

 

လူတစ်ယောက်ကို သင်ချစ်မိတဲ့အခါ သူ့ရုပ်ရည်ကို သင်အလေးမထားတတ်သလို သူ့အားနည်းချက်ကိုလည်း သင်ဂရုမစိုက်တတ်ပါဘူး။

လူနှစ်ယောက်အတူချစ်ကြချိန်မှာ ဒဏ္ဍာရီပုံပြင်ထဲကလို ရိုမန်တစ်ဆန်စရာမလိုသလို တစ်ခါတလေမှာ ရိုးရိုးရှင်းရှင်းကလည်း ပျော်ရွှင်ကြည်နူးစရာတစ်မျိုးဖြစ်ပါတယ်။

 

လူနှစ်ယောက်အတူနေချိန် သက်သောင့်သက်သာဆုံး အနေအထားက စကားပြောဆိုနိုင်ပြီး အကျင့်စရိုက်တူတာဖြစ်တယ်။

 

အတူနေချိန် စိတ်မကျဉ်းကျပ်ဘူး၊ ခွဲခွာချိန်မှာ သတိရလွမ်းဆွတ်တယ်၊ ငြိမ်သက်တာကြာရင် ပြဿနာလုပ်ချင်တယ်၊ ရန်ဖြစ်ပြီးရင် ချက်ချင်းပြန်တောင်းပန်တယ်။

လူလူချင်း အတူနေတာကြာလာတဲ့အခါ ပြဿနာအမျိုးမျိုးဖြစ်လာတတ်တယ်။

 

ဒါပေမဲ့ သင့်ကိုချစ်တဲ့လူက သင်စကားတစ်ခွန်းအပြောမှားလို့ဆိုပြီး သင့်ကို ခွဲမသွားတတ်ဘူး၊ ဘယ်လိုထုတ်ဖော်ပြောဆိုနည်းက အသင့်တော်ဆုံးဆိုတာ သူက သင့်ကို ပြောပြလိမ့်မယ်။

 

ချစ်ခြင်းလောကမှာ သင့်တော်တဲ့လူဆိုတာ သူဟာ ဘယ်လောက်ပြီးပြည့်စုံနေတာမျိုး မဟုတ်ဘူး၊ သင့်အတွက်နဲ့ သူဘယ်အခြေအနေထိ လုပ်ပေးနိုင်မလဲဆိုတာဖြစ်တယ်။

တကယ်လို့ သင့်ကို သူအလေးထားရင် သင်နဲ့အတူ သူကြီးပြင်းနိုင်တယ်၊ ပြောင်းလဲနိုင်တယ်၊ ပိုကောင်းတဲ့ဘဝကို အတူတည်ဆောက်နိုင်ပါတယ်။

 

အတူနေတဲ့နေ့ရက်တွေမှာ သင်တို့ ရန်ဖြစ်ရင်ဖြစ်မယ်၊ ငြင်းခုံရင် ငြင်းခုံမယ်၊ နေ့တိုင်း မတူတဲ့ခံစားချက်နဲ့ ဖြတ်ကျော်ရတာလည်းရှိတယ်။

 

ဒါပေမဲ့ သင့်အနားမှာ သူတစ်ဖဝါးမှမခွာ ခိုင်မြဲနေရင် သင်လည်း သူ့အနာအဆာကိုပဲ မျက်စိထောင့်ထောက်ကြည့် မကျေမနပ်မရွတ်ပါနဲ့။

 

သင့်အပေါ်သူကောင်းခဲ့တာတွေကို ပိုတွေးပေး၊ ပျော်ရွှင်စရာအချိန်တွေကို ပိုသတိရပေးနိုင်ပါတယ်။

 

နှစ်ဝက်ကျော်လို့ ဆောင်းဦးတောင်ဝင်တော့မယ်။

 

“ရှေ့ဆက်မယ့်လမ်းမှာ နင်ရှိနေသရွေ့ အရာအားလုံးအဆင်ပြေတယ်” လို့ သင့်အနား အဖော်ပြုနေသူ သိအောင် ထုတ်ဖော်ပြောပြလိုက်ပါ။

 

#နိုင်းနိုင်းစနေ

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *