အဆိုတော်ရေမွန်ငှက်ဖျားကြောင့်သေဆုံးရတာမဟုတ်ပဲအစာအိမ်သွေကြောပေါက်လို့သေဆုံးရတာလို့ နိုဗန်ထူး ပြန်ရှင်း၊

 

 

နဂိုကတည်းက ကိုတွတ်က

အစားအသောက် မမှန်ခဲ့မိတာ …

အိပ် သိပ်မပျော် / နေမကောင်းတာ … လေးတွေ

ရှိခဲ့တယ် …

အရင်နေ့တွေကလည်း

အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး

သောက်နေခဲ့ရသေးတယ် ။

 

ဒါပေမယ့်

ခုတလော နေပြန်ကောင်းနေ /

အိပ်လို့လည်း ကောင်းကောင်းရတယ် ဆိုတော့

အေးဆေးပဲ ထင်နေခဲ့မိတာ ။

မနေ့ကတင်

ဟော့ပေါ့ စားနေရင်း သတိရကြောင်း

ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် …

 

ညက တခြား သူငယ်ချင်းတွေနဲ့

သောက်ရင်း စားရင်း အခန့်မသင့်လို့

အစာအိမ် သွေးကြော ပေါက်သွားတယ် …

( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ )

ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့်

မမီလိုက်တော့ပဲ

ခုလို ဖြစ်သွားရတာပါ ။

လူတွေ ပြောနေသလို

ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို …

စစ်ခွေးတွေ ဖွနေသလို

မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း

အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။

ကောလဟာလ တွေကို

အလွယ် မယုံကြဖို့နဲ့ …

ကိုယ် သေချာ မသိပဲ

ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့

ဆုံးပါးသွားသူ တစ်ယောက်ကို

သိက္ခာ လိုက်ချနေတာမျိုးကို

ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ် ။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *