အဆိုတော်ရေမွန်ငှက်ဖျားကြောင့်သေဆုံးရတာမဟုတ်ပဲအစာအိမ်သွေကြောပေါက်လို့သေဆုံးရတာလို့ နိုဗန်ထူး ပြန်ရှင်း၊

အဆိုတော်ရေမွန်ငှက်ဖျားကြောင့်သေဆုံးရတာမဟုတ်ပဲအစာအိမ်သွေကြောပေါက်လို့သေဆုံးရတာလို့ နိုဗန်ထူး ပြန်ရှင်း၊

စစ်တပ်လော်ဘီတွေသေဆုံးသူ၏ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်ပြီးသတင်းအမှားတွေထုတ်လွှင့်နေ

ဇွန်လ ၊ ၂၃ ရက်

 

ဒီကနေ့မနက်ပိုင်းမှာပဲ ကွယ်လွန်သွားခဲ့တဲ့ အဆိုတော် ရေမွန် ငှက်ဖျားကြောင့်သေဆုံးရတာမဟုတ်ပဲအစာအိမ်သွေကြောပေါက်လို့သေဆုံးရတာလို့ နိုဗန်ထူး ပြန်ရှင်းပြပြီးတော့

စစ်တပ်လော်ဘီတွေသေဆုံးသူ၏ဂုဏ်သိက္ခာကျဆင်းစေဖို့ရည်ရွယ်ပြီးလူမှု့ကွန်ယက်စာမျက်နှာတွေပေါ်မှာ သတင်းအမှားတွေထုတ်လွှင့်နေတာ်လို့သိရပါတယ်။

 

အဲ့ဒီ့ကိစ္စနဲ့ပါတ်သတ်ပြီးတော့

“နဂိုကတည်းက ကိုတွတ်က အစားအသောက် မမှန်ခဲ့မိတာ … အိပ် သိပ်မပျော် / နေမကောင်းတာ … လေးတွေ ရှိခဲ့တယ် …အရင်နေ့တွေကလည်း အကိုက်အခဲ ပျောက်ဆေး နည်းနည်းပါးပါး သောက်နေခဲ့ရသေးတယ် ။ ဒါပေမယ့် ခုတလော နေပြန်ကောင်းနေ / အိပ်လို့လည်း ကောင် းကောင်းရတယ် ဆိုတော့ အေးဆေးပဲ ထင်နေခဲ့မိတာ ။

မနေ့ကတင် ဟော့ပေါ့ စားနေရင်း သတိရကြောင်း ကျွန်တော့်ကိုတောင် လှမ်း ပြောခဲ့သေးတယ် … ညက တခြား သူငယ်ချင်းတွေနဲ့ သောက်ရင်း စားရင်း အခန့်မသင့်လို့ အစာအိမ် သွေးကြော ပေါက်သွားတယ် … ( ဆရာဝန်က အဲ့လို သုံးသပ်ပြသွားတာပဲ ) ဆရာဝန် ပြပြီးတော့ ကုသမှု ယူခဲ့သေးပေမယ့် မမီလိုက်တော့ပဲ ခုလို ဖြစ်သွားရတာပါ ။ လူတွေ ပြောနေသလို ငှက်ဖျား ကြောင့် ဆုံးပါးသွားရတာ မဟုတ်သလို … စစ်ခွေးတွေ ဖွနေသလို မူးရူးပြီး အချင်းချင်း ရန်ဖြစ်ရင်း အသက်ဆုံးရတာလည်း မဟုတ်ပါဘူး ။

ကောလဟာလ တွေကို အလွယ် မယုံကြဖို့နဲ့ … ကိုယ် သေချာ မသိပဲ ဖွချင်တိုင်း ဖွနေသူတွေအနေနဲ့ ဆုံးပါးသွားသူ တစ်ယောက်ကို သိက္ခာ လိုက်ချနေတာမျိုးကို ရပ်တန်းက ရပ်ဖို့ … ပြောချင်ပါတယ် ” ဟု နိုဗန်ထူးက လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

 

Credit to Novem Htoo

Photo credit to original uploader

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *