သီချင်းဆိုပြိုင်ပွဲ၀င်တွေဆို ပရိသတ်တွေက အိမ်တွေကားတွေ ၀ယ်ပေးကြလို့ ပြိုင်ချင်ကြောင်း ပြောခဲ့ဖူးတဲ့ တိုက်ခန်းလေးတောင်ငှားနေသွားခဲ့ရတဲ့ နိုင်ငံကျော်အဆိုတော် တော်လှန်ရေးပန်းတစ်ပွင့်

ပြီးခဲ့တဲ့ ဇွန်လ (၂၃) ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ အဆိုတော်ရေမွန်ရဲ့နောက်ဆုံးခရီးကို ဒီနေ့ ဇွန်လ (၂၅) ရက်နေ့မှာ လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။

ယုံကြည်ချက်တစ်ခုအတွက်နဲ့ တောထဲဝင်သွားခဲ့ပြီး မတရားမှုကိုမတွန်းလှန်နိုင်လိုက်ခင်မှာ အသက်ဆုံးရှုံးသွားတဲ့ အဆိုတော်ကြီးအတွက် အားလုံးက ယူကျုံးမရဖြစ်နေခဲ့ပါတယ်။

မိခင်နဲ့ညီမဖြစ်သူကို သိပ်ချစ်ပြီး အပေါင်းအသင်းတွေ အပေါ်မှာလည်း စိတ်ကောင်းထားကာ အမြဲကူညီတတ်သူမို့ လူကောင်းတစ်ယောက် ဆုံးရှုံးလိုက်ရတာ တကယ်ကိုနှမြောစရာကောင်းလွန်းပါတယ်။

ဒီနေ့မှာတော့ တောထဲမှာပဲ ထင်းမီးပုံလေးတွေလုပ်ပြီး သူ့ရဲ့ခန္ဓာကိုယ်ကို မီးသဂြိုလ်ခဲ့တဲ့ ပုံရိပ်တွေကို ပရိသတ်တွေအလွမ်းပြေစေဖို့ ရေမွန်ရဲ့သူငယ်ချင်းတစ်ယောက်က လူမှုကွန်ယက်မှာ ဝေမျှပေးခဲ့ပါတယ်။

ရေမွန်ရဲ့ပရိသတ်တွေ သူ့ကိုနောက်ဆုံးပြောချင်တဲ့ စကားလေးတွေကိုလည်း မှတ်ချက်ပေးခိုင်းခဲ့ပြီး ဒီမှတ်ချက်တွေကို Print ထုတ်ကာ သူ့နဲ့အတူ သဂြိုလ်ပေးခဲ့ပါတယ်။

 

ရေမွန်သာဒီစာတွေကို ဖတ်ဖြစ်မယ်ဆိုရင် သူ့ကိုသိပ်ချစ်တဲ့ ပရိသတ်တွေရဲ့မေတ္တာကိုခံစားမိပြီး ကျေနပ်နေမှာပါ။

“အမရယ် သူပြောဖူးတယ် The Voice Myanmar တို့ဘာတို့ ပြိုင်ပွဲတွေ သူပြိုင်ချင်တယ်တဲ့!

အဲ့မှာပြိုင်ရင် သူတို့ပရိသတ်တွေက အိမ်တွေကားတွေ ဝယ်ပေးလို့တဲ့…”

ကိုယ်ကသူ့ကိုချော့ရင်း “ခုသူငှားနေတဲ့ သူ့တိုက်ခန်းဟောင်းလေးကို အားလုံးစုဝယ်ပေးချင်လိုက်တာ K ရယ်” လို့ပြောတော့…

သူ မရှိတော့မှ သူ့အတွက် ဘာတွေလုပ်ပေးပေး သူမှ ပြန်မလာတော့တာတဲ့!

တနိုင်ငံလုံး တုန်နေအောင်ချစ်တဲ့သူရဲကောင်းကြီးက တိုက်ခန်းလေးတခန်းတောင်မပိုင် ဘာမပိုင်…

ခက်ခက်ခဲခဲ တစ်ဘဝလုံး အရူးလို ကြိုးစားပြီး သေသွားရတာ…

ရင်ထဲ ဖြေနိုင်လား? ငါတော့ မဖြေနိုင်ဘူး….

ခုသူ ထွက်သွားတာ ဒီလိုအခြေအနေမျိုးကြီးနဲ့!

ငါထပ်ငိုရပြန်ရော…နင်တို့လာကြည့်ကြည့်

သူ့ အခန်းလေး…ပြီးရင် နင်တို့ ရင်ကွဲမယ်!

နင်တို့ ပြိုင်ပွဲဝင်တွေကိုအားပေးခဲ့တဲ့ အားပေးမှုမျိုး ချမ်းချမ်းသာသာအဆောင်ယောင်မျိုး ကို နိုင်ငံကျော် ပါရမီရှင်ကြီးက အားကျလို့တဲ့….💔

နင်တို့ ပြိုင်ပွဲဝင်တွေကိုအားပေးခဲ့တဲ့ အားပေးမှုမျိုး ချမ်းချမ်းသာသာအဆောင်ယောင်မျိုး ကို နိုင်ငံကျော် ပါရမီရှင်ကြီးက အားကျလို့တဲ့….💔

စိတ်နာလာတိုင်း အစစ်အမှန်တွေကိုမြေတောင်မြှောက်ချင်တိုင်း ဒါသူ့အတွက်လှုဖို့

ပကာသနတွေအများကြီးမပိုင်ဆိုင်ခဲ့ပေမယ့် ဖန်တီးခဲ့တဲ့ ဂီတအနုပညာကတော့ တန်ဖိုးမဖြတ်နိုင်ပါဘူး။

လူသေသွားပေမယ့် သူ့ရဲ့သံစဉ်တွေဟာတော့ နှစ်သက်သူတိုင်းရဲ့ နှလုံးသားထဲမှာ အမြဲတမ်းစီးဆင်း နေဦးမှာပါ။

သီချင်းအသစ်တွေမဖန်တီးနိုင်ပေမယ့် ဖန်တီးခဲ့တဲ့ အနုပညာတွေဟာလည်း အမြဲတမ်းလတ်ဆတ်နေဦးမှာပါပဲ။ ဆောင်းဦးမှာပွင့်ပြီး မိုးဦးမှာကြွေလွင့်ခဲ့တဲ့

 

တော်လှန်ရေး ပန်းလေးတစ်ပွင့် ကောင်းမွန်ရာအရပ်ဒေသမှာ အစွမ်းကုန်ပြန်လည်ပွင့်လန်းနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *