မအလမွေးနေ့မှာ အမိရ်ခန်းတို့လင်မယား ကွာရှင်းပြတ်စဲ

မအလမွေးနေ့မှာ အမိရ်ခန်းတို့လင်မယား ကွာရှင်းပြတ်စဲ

အမိရ် နဲ့ သူ့ဇနီး ကီရန်တို့၂ဉီးသဘောတူကွာရှင်းပြတ်စဲကြောင်း ဒီကနေ့ တရားဝင် ထုတ်ဖော်ကြေညာပါတယ်။ သူတို့လင်မယား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ၁၅နှစ်တိုင်တိုင် ဖြတ်သန်းခဲ့တဲ့ အိမ်ထောင်ရေးဘဝကို အဆုံးသတ်ပြီး ဘဝသစ်တခုကို ကိုယ်စီ ဖြတ်သန်းတော့မှာဖြစ်ကြောင်း၊ သူတို့ ကွာရှင်းဖို့ အစီအစဉ်ရှိတာ

ကြာပြီဖြစ်ကြောင်း၊ ခု လင်မယားကွာရှင်းပြီးဆိုပေမဲ့ သူတို့သား အာဇာဒ်ကို အတူတူ ပျိုးထောင်ထိန်းကျောင်းသွားမှာဖြစ်ကြောင်း၊ သူတို့လင်မယားအတူလုပ်ခဲ့တဲ့ ရုပ်ရှင်လုပ်ငန်းနဲ့ ပရဟိတအလုပ်

စတာတွေကိုလည်း ဆက်ပြီးတော့ လက်တွဲလုပ်ကိုင်မှာဖြစ်ကြောင်း စသဖြင့် ဖော်ပြထားပါတယ်။

ကီရန်ဟာ အမိရ်ရဲ့ဒုတိယမြောက် ကွာရှင်းတဲ့ ဇနီးဖြစ်ပါတယ်။

အမိရ် နဲ့ ကီရန်ဟာ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် Lagaan ရုပ်ရှင် ရိုက်ကွင်းမှာ စတွေ့ပြီး ချစ်ကြိုက်ခဲ့တာပါ။ အဲ့ချိန်က အမိရ်မှာ ပထမဇနီး ရီနားနဲ့ သားသမီး၂ဉီးရှိပါတယ်။ ကီရန်နဲ့ ကြိုက်လို့ မိသားစုတွင်း ပြသနာအချို့ဖြစ်ခဲ့ကာ ပထမဇနီးနဲ့ ကွာရှင်းပြီး ကီရန်နဲ့ လက်ထပ်ခဲ့ပါတယ်။ ၂၀၁၈မှာ အမိရ် နဲ့ Dangal မင်းသမီး ဖာတမာ ချစ်ကြိုက်နေပြီလို့ ကောလဟာလသတင်း

ခဏ ထွက်ခဲ့ဖူးပါတယ်။

အမိရ်ဟာ ပထမဇနီး ရီနားနဲ့ ၁၉၈၆ မှာ လက်ထပ်ပြီး ၂၀၀၂မှာ ကွာရှင်းပါတယ်။ ခု ဒုတိယဇနီး ကီရန်နဲ့ ၂၀၀၅ မှာ လက်ထပ်ပြီး ၂၀၂၁မှာ ကွာရှင်းပါတယ်။ ဇနီးနှစ်ယောက်စလုံးကို ၁၅ နှစ်စီပဲ ပေါင်းပြီး ကွာရှင်းတဲ့သဘောပါ။ အသက် ၅၆နှစ် ကျော်လာပြီ ဖြစ်တဲ့ အမိရ်မှာ တတိယဇနီး ရှိလာဉီးမလားဆိုတာကတော့

ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

#BollywoodUpdateNewsMyanmar

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *