သတိပြုရန်များ… COVID-19 .

သတိပြုရန်များ… COVID-19 .

 

ကြောက်စိတ်မဝင်ပါနဲ့ စိတ်အေးစွာနဲ့ ရင်ဆိုင်ပါ အဖြစ်အပျက်သဘောကို နားလည်ထားပါ။

 

ခေါင်းအရမ်းထိုးကိုက်တာ၊ အပူငွေ့ငွေ့နဲ့ စ ဖျားတာဆို သတိဝင်လိုက်ပါတော့။ အဲဒါ စ ကူးရင် ပြတတ်တဲ့ လက္ခဏာပါ။ လုံးဝအပြင်မထွက်ပါနဲ့။ အိမ်ထဲကလူတွေနဲ့ ခွဲနေပြီး mask တပ်ပါ။

 

ဖျားပြီး ၂ ရက်လောက် ကြာတဲ့အခါ ရုတ်တရက် အနံ့ပျောက်သွားတတ်ပါတယ်။ အရမ်းစိတ်လှုပ်ရှားတဲ့ အချိန်ပါ။ သတိဝင်ပါ။ စိတ်ကို တည်ငြိမ်အောင် ထားရမယ်ဆိုတာကို။

 

အနံ့ပျောက်ပြီး ၃ ရက်ခန့်အကြာမှာ O2 ကျပြီး အသက်ရှုရခက်တတ်ပါတယ်။ ဆေးရုံမသွားနိုင်ခဲ့ရင် covid-19 call centre (2019) ကို ဖုန်းဆက်ပါ။ လိုအပ်တာတွေ လမ်းညွှန်ပေးပါတယ်။ (ညနေ 5 နာရီထိ)

 

စ ဖြစ်ပြီး ၇ ရက်မြောက်နေ့ကနေ ၁၀ ရက်မြောက်နေ့ထိ ဟာ ပြန်လည်သက်သာလာတတ်တဲ့ recovery ရက်တွေဖြစ်ပါတယ်။ အဲဒီရက်တွေမှာ အားပိုရှိအောင် လုပ်ပါ။

 

အနံ့ပျောက်ခြင်းဟာ ၁၀ ရက်ထက်လည်း ကျော်သွားတတ်သလို အနည်းငယ်မောတာဟာလည်း ဆက်ရှိနေတတ်ပါတယ်။ အားရှိဖို့ကို ဂရုစိုက်ပါ။

 

လည်ချောင်းနာတဲ့ လက္ခဏာဟာ လူတိုင်းမှာ မပြပါဘူး။ ချောင်းခြောက် နေ့တိုင်းဆိုးနိုင်ပါတယ်။ ဝမ်းအရည်သွားတတ်ပါသေးတယ်။

 

ကိုယ့်ကို စိတ်ဓာတ်ခွန်အားပေးနိုင်မယ့် မိတ်ဆွေ ၂ ဦး၊ ၃ ဦး နဲ့ စ ဖြစ်ကတည်းက ဆက်သွယ်ပြီးခွန်အားယူပါ။ လူတွေအများကြီးနဲ့ အဆက်အသွယ်မလုပ်ပါနဲ့။ Depression ရနိုင်ပါတယ်။

တိုက်တွန်းလိုသည်များ

++++++++++++++++++++++++++++++

 

– ရေနွေးငွေ့ထဲ ကွမ်းရွက်ထည့်ခြေပြီး ရှူပါ။

 

– ထမင်းငွေ့ရှူပါ။

 

– အသက်ရှူလေ့ကျင့်ခန်းလုပ်ပါ။

 

– Aircon, ပန်ကာ ပိတ်ထားပါ။

 

– ပြတင်းများ ဖွင့်ထားပါ။

 

– ကြက်ပေါင်းရည်/ ငှက်သိုက် သောက်ပါ။

 

– အသီးအနှံစားပါ။

 

– အစောပိုင်းဖျားတဲ့ 2 ရက်ခန့်မှာ ထမင်း မစားပါနဲ့။

ဓာတ်ဆားရည်သောက်ပါ။

 

– ရေဓာတ်အတတ်နိုင်ဆုံး ဖြည့်ပါ။

ရေများများသောက်ပါ။ အောက်ဆီဂျင် တက်ပါတယ်။

 

– Multivitamin ရေဆူဆေးပြားသောက်ပါ။

 

– အနံ့မရလို့ထမင်းမစားဘဲ မနေပါနဲ့။

 

– မနက်၊ နေ့၊ ညနေ ဝင်သလောက် စားပေးပါ။

 

– ကြက်ဥ တစ်နေ့လေးလုံး၊ နွားနို့ ၂ ခွက် သောက်

ပေးပါ။

 

– အိပ်ရေးဝအောင် အိပ်ပါ။ အိပ်မပျော် ဖြစ်တတ်ပါသည်။

– တရားနားထောင်ပါ။

ဖြစ်နိုင်လျင် တရားထိုင်ပါ။

 

– စိတ်ကို ငြိမ်အောင်ထားပါ။

 

– အသား၊ ငါး၊ ဥ၊ အသီးအရွက် ရသလောက် စားပေးပါ။

 

– အသင့်စားအစားအသောက်တွေ အတတ်နိုင်ဆုံး မစားပါနှင့်။

 

– အချိုရည်တွေ မသောက်ပါနဲ့။

 

– ပူပူနွေးနွေးစားပါ။

 

– အလုပ်တွေ တတ်နိုင်သလောက် မလုပ်ပါနဲ့။

 

– ဦးနှောက်သုံးစဉ်းစားရမယ့်ကိစ္စတွေလည်း ရှောင်

ပါ။ လုပ်နိုင်တယ်ဆိုပြီးလုပ်ရင် အားကုန်၊ ကိုယ်ခံ

အား ကျပါတယ်။

 

– အနားယူနေပါ။ စိတ်ရှုပ်မခံပါနဲ့။

 

– ဟိုတွေး ဒီတွေး တွေးနေတတ်ရင် ဟာသ

ဇာတ်ကားများ ကြည့်နေလိုက်ပါ။

 

– အရင်းနှီးဆုံး မိတ်ဆွေများနှင့် စကား မကြာခဏ

ပြောပါ။ သူတို့ဆီကလည်း အကြံကောင်းတွေ ရနိုင်ပါတယ်။

 

– ၇ ရက် ကျော်လာရင် ပြန်ကောင်းတော့မှာလို့ ယုံကြည်လိုက်ပါ။

 

– ဖျားတာ၊ အနံ့မရတာက တော်တော်များများ ဖြစ်တာဖြစ်ပြီး မောတာ၊ ရင်ဘတ်အောင့်တာ၊ အသက်ရှုခက်တာတွေဟာ သတိထားရမယ့် လက္ခဏာပါ။ အဲဒီအခြေအနေမှာ လိုအပ်ရင် ဆေးရုံသွားဖို့ သတိထားပါ။

 

မေတ္တာဖြင့်

 

မေနှင်းဆီ

 

အားလုံး ရောဂါကပ်ဆိုးကြီးမှ ကင်းဝေးကြပါစေ။

Pho ~~~fbမှစုစည်းပြီး

မေနှင်းဆီနှင့်အတူ crdပါ

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *