ဒီမို ဘက်တော်သား လုပ်ခဲ့တဲ့ မိုဒီ က ဒီတော်လှန်ရေးမှာ ဂျပု ဘက်ကို ရပ်တည်ပေးတာ ဒါ့ကြောင့်ကိုး

ဒီမို ဘက်တော်သား တစ်ချိန်လုံး လုပ်ခဲ့တဲ့ မိုဒီ က ဒီတော်လှန်ရေးမှာ ဂျဘု ဘက်ကို ရပ်တည်ပေးတာ တော်တော်ထူးဆန်းတယ်။အမေ့ လက်ထက်က အလည်အပတ်တွေ လာတာလဲ သူပဲ။စီမံကိန်း အကြီးကြီးတွေ ချုပ်သွားတာလဲ သူတို့ပဲ။တရုတ် လွှမ်းမိုးမှု ကြီးမားသွားမှာ စိုးရိမ်တာလဲ သူတို့ပဲ။Look East ပေါ်လစီတွေ ချခဲ့တာလဲ သူတို့ပဲ။

 

ဒါပေမယ့် အာဏာသိမ်းမှုကြီး ပေါ်လာတော့ဘာဘူတွေ ရဲ့ စရိုတ်မှန်က ဖုံးဖိမရအောင် ပေါ်လာတယ်။မြန်မာ နိုင်ငံ ဆိုင်ရာ အိန္ဒိယ သံအမတ်ကြီးက အစောပိုင်းမှာ ဟိုလိုလို ၊ ဒီလိုလို ဖြေရှင်းချက်တွေ ပေးပေမယ့်အချိန်ကြာလာတာနဲ့ အမျှ သရုပ်မှန် ထွက်လာတာပါပဲ။ကိုယ်တွေထင်ထားတာက ရေငုပ် သင်ဘော အစုပ်ကြီး ကို ဂျင်းထည့်ခွင့်ရလိုက်လို့ Feel တက်နေတယ် ထင်တာနောက်ကွယ်မှာ အဲဒီထက် ပိုတဲ့ အကြောင်းအရာတွေ ရှိတယ်။

 

2016 ကနေ 2020 အတွင်း အန္ဒိယ ရဲ့ နိုင်ငံခြား လက်နက် တင်ပို့မှု အများဆုံးနိုင်ငံဟာ မြန်မာပြည် ဖြစ်နေတယ်။စုစုပေါင်း တင်ပို့မှု ရဲ့ 52% ကို မြန်မာ က ဝယ်တာ။ကမ္ဘာပေါ်မှာ စစ်လက်နက် အများဆုံး ဝယ်ယူတဲ့ နိုင်ငံပေါင်း ၄၀ လောက်ကို ကြည့်လိုက်မယ် ဆိုရင်

အိန္ဒိယ လို နိုင်ငံကနေ လက်နက် ဝယ်ယူတယ် ဆိုတာ မရှိသလောက် ရှားတယ်။

အဲဒီထဲကမှ မြန်မာက ဝယ်တာ။

 

မြန်မာ စစ်တပ်ကလဲ ပြည်သူကိုသာ ဖျင်ခေါင်းကျယ်ပြနေတာလက်နက်ဝယ်တေ့ာ တရုတ်ထုတ်တွေ များတယ်။ကမ္ဘာပေါ်မှာ တရုတ်ထုတ် စစ်လက်နက်ပစ္စည်းတွေ သုံးတော့ သုံးကြပါတယ်။ ဒါပေမယ့် အဓိက ထားပြီး ဝယ်ယူတဲ့ နိုင်ငံက တော်တော်လေး ရှားတယ်။လက်လှမ်းမီ သလောက်တော့ တရုတ် ကို အဓိကထားပြီး ဝယ်နေတာ ဆိုလို့ ဘင်ဂလားဒေ့ နဲ့ မြန်မာပဲ ရှိတယ်။ကျန်နိုင်ငံ အများစုက USA ထုတ် ၊ Russia နဲ့ ပြင်သစ် ထုတ်တွေ များတယ်။အိမ်နီးချင်းတွေ ကြည့်လိုက်ရင်ဗီယက်နမ် က ရုရှား ထုတ်ကို အားပြုတယ်စက်ာပူ က US ထုတ်ဖီလစ်ပီး နဲ့ ထိုင်း က တောင်ကိုရီးယားထုတ် တွေ အဓိက ထားကြတယ်။

 

crd

 

 

Zawgyi

 

ဒီမို ဘက္ေတာ္သား တစ္ခ်ိန္လုံး လုပ္ခဲ့တဲ့ မိုဒီ က ဒီေတာ္လွန္ေရးမွာ ဂ်ဘု ဘက္ကို ရပ္တည္ေပးတာ ေတာ္ေတာ္ထူးဆန္းတယ္။အေမ့ လက္ထက္က အလည္အပတ္ေတြ လာတာလဲ သူပဲ။စီမံကိန္း အႀကီးႀကီးေတြ ခ်ဳပ္သြားတာလဲ သူတို႔ပဲ။တ႐ုတ္ လႊမ္းမိုးမႈ ႀကီးမားသြားမွာ စိုးရိမ္တာလဲ သူတို႔ပဲ။Look East ေပၚလစီေတြ ခ်ခဲ့တာလဲ သူတို႔ပဲ။

 

ဒါေပမယ့္ အာဏာသိမ္းမႈႀကီး ေပၚလာေတာ့ဘာဘူေတြ ရဲ႕ စ႐ိုတ္မွန္က ဖုံးဖိမရေအာင္ ေပၚလာတယ္။ျမန္မာ ႏိုင္ငံ ဆိုင္ရာ အိႏၵိယ သံအမတ္ႀကီးက အေစာပိုင္းမွာ ဟိုလိုလို ၊ ဒီလိုလို ေျဖရွင္းခ်က္ေတြ ေပးေပမယ့္အခ်ိန္ၾကာလာတာနဲ႔ အမွ် သ႐ုပ္မွန္ ထြက္လာတာပါပဲ။ကိုယ္ေတြထင္ထားတာက ေရငုပ္ သင္ေဘာ အစုပ္ႀကီး ကို ဂ်င္းထည့္ခြင့္ရလိုက္လို႔ Feel တက္ေနတယ္ ထင္တာေနာက္ကြယ္မွာ အဲဒီထက္ ပိုတဲ့ အေၾကာင္းအရာေတြ ရွိတယ္။

 

2016 ကေန 2020 အတြင္း အႏၵိယ ရဲ႕ ႏိုင္ငံျခား လက္နက္ တင္ပို႔မႈ အမ်ားဆုံးႏိုင္ငံဟာ ျမန္မာျပည္ ျဖစ္ေနတယ္။စုစုေပါင္း တင္ပို႔မႈ ရဲ႕ 52% ကို ျမန္မာ က ဝယ္တာ။ကမာၻေပၚမွာ စစ္လက္နက္ အမ်ားဆုံး ဝယ္ယူတဲ့ ႏိုင္ငံေပါင္း ၄၀ ေလာက္ကို ၾကည့္လိုက္မယ္ ဆိုရင္

အိႏၵိယ လို ႏိုင္ငံကေန လက္နက္ ဝယ္ယူတယ္ ဆိုတာ မရွိသေလာက္ ရွားတယ္။

အဲဒီထဲကမွ ျမန္မာက ဝယ္တာ။

 

ျမန္မာ စစ္တပ္ကလဲ ျပည္သူကိုသာ ဖ်င္ေခါင္းက်ယ္ျပေနတာလက္နက္ဝယ္ေတ့ာ တ႐ုတ္ထုတ္ေတြ မ်ားတယ္။ကမာၻေပၚမွာ တ႐ုတ္ထုတ္ စစ္လက္နက္ပစၥည္းေတြ သုံးေတာ့ သုံးၾကပါတယ္။ ဒါေပမယ့္ အဓိက ထားၿပီး ဝယ္ယူတဲ့ ႏိုင္ငံက ေတာ္ေတာ္ေလး ရွားတယ္။လက္လွမ္းမီ သေလာက္ေတာ့ တ႐ုတ္ ကို အဓိကထားၿပီး ဝယ္ေနတာ ဆိုလို႔ ဘင္ဂလားေဒ့ နဲ႔ ျမန္မာပဲ ရွိတယ္။က်န္ႏိုင္ငံ အမ်ားစုက USA ထုတ္ ၊ Russia နဲ႔ ျပင္သစ္ ထုတ္ေတြ မ်ားတယ္။အိမ္နီးခ်င္းေတြ ၾကည့္လိုက္ရင္ဗီယက္နမ္ က ႐ုရွား ထုတ္ကို အားျပဳတယ္စက္ာပူ က US ထုတ္ဖီလစ္ပီး နဲ႔ ထိုင္း က ေတာင္ကိုရီးယားထုတ္ ေတြ အဓိက ထားၾကတယ္။

 

crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *