ပြည်သူ့ကာကွယ်ရေးတပ်မတော် ၏
စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ
🔸စစ်သည်တော် ကျင့်ဝတ် စည်းမျဥ်းများ🔸
(Soldier’s Rules)
(၁) စစ်ရေးရည်မှန်းချက်များဖြင့်သာ တိုက်ပွဲဖော်ဆောင်ရမည်။
(၂) စစ်ဆင်ရေးဆောင်ရွက်ရာတွင် လိုအပ်သော အင်အားကိုသာ အသုံးပြု၍ ထိခိုက်ပျက်စီးမှု အနည်းဆုံးဖြစ်စေရန် စီမံဆောင်ရွက်ရမည်။
(၃) အရပ်သားပြည်သူများအား ကာကွယ်စောင့်ရှောက်ရမည်။ အရပ်သားပြည်သူပိုင် ဥစ္စာပစ္စည်းများကို ထိပါးခြင်းမပြုရ။
(၄) ဘာသာရေးအဆောက်အအုံများနှင့် ယဥ်ကျေးမှုအမွေအနှစ်များကို လေးစားတန်ဖိုးထားရမည်။
(၅) လက်နက်ကိုင်ပဋိပက္ခဆိုင်ရာ ဥပဒေသများကို ဖောက်ဖျက်ကျူးလွန်ခြင်း မပြုရ။
(၆) ခေါင်းဆောင်များသည် စံနမူနာပြခေါင်းဆောင်မှုကိုပြသ၍ လက်အောက်ငယ်သားများအပေါ် ကျောသားရင်သား မခွဲခြားဘဲ တရားမျှတစွာ ကွပ်ကဲအုပ်ချုပ်ရမည်။
(၇) အထက်ကွပ်ကဲမှုအဆင့်ဆင့်မှ ပေးအပ်သောအမိန့်နှင့် တာဝန်များကို လေးစားလိုက်နာရမည်။
(၈) တပ်ဖွဲ့ဝင်အချင်းချင်း ရဲဘော်ရဲဘက်စိတ်ဖြင့် ပူးပေါင်းဆောင်ရွက်ရမည်။
(၉) လူမျိုး၊ ဘာသာ၊ ကျားမ၊ လိင်စိတ်ခံယူချက် ကွဲပြားမှုအပေါ်မူတည်၍ ခွဲခြား ဆက်ဆံခြင်း မပြုရ။
(၁၀) မူးယစ်ဆေးဝါးသုံးစွဲခြင်းမပြုရ။
(၁၁) လူမှုရေးရှုပ်ထွေးခြင်း မပြုရ။
🔸စစ်ရေးဆိုင်ရာ ပစ်မှတ်သတ်မှတ်ချက်🔸
(Targeting)
(၁) စစ်အာဏာရှင်စနစ်၏ ယန္တရားများကိုသာ ချေမှုန်းရမည်။
(၂) အရပ်သားပြည်သူများအား ခြိမ်းခြောက်ခြင်း၊ ပစ်မှတ်ထား တိုက်ခိုက်ခြင်း မပြုရ။
(၃) စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အအုံ၊ ယဥ်ကျေးမှုဆိုင်ရာ အထိမ်းအမှတ်နေရာများနှင့် အရပ်သားပြည်သူများ စုဝေးသွားလာလှုပ်ရှားသောနေရာများအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရ။
(၄) လူနာတင်ယာဥ်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာများ၊ ရှေးဦးသူနာပြုများနှင့် ကျန်းမာရေးစောင့်ရှောက်ကုသမှုပေးသူများ၊ လူမှုကယ်ဆယ်ရေးအသင်းအဖွဲ့များအား ပစ်မှတ်ထားတိုက်ခိုက်ခြင်း မပြုရ။
🔸လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအပေါ် ပြုကျင့်ရမည့် ကျင့်ဝတ်များ🔸
(၁) လက်နက်ချအညံ့ခံသူများနှင့် စစ်သုံ့ပန်းများအား နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်း မပြုရ။
(၂) စစ်သုံ့ပန်းများနှင့် ဖမ်းဆီးထိန်းသိမ်းထားသူများအား ဂျီနီဗာကွန်ဗင်းရှင်းပါ ပြဌာန်းချက်များအရ လူ့ဂုဏ်သိက္ခာနှင့်အညီ ဆက်ဆံရမည်။
(၃) မိသားစုများထံ အတတ်နိုင်ဆုံးအသိပေးအကြောင်းကြားခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း။
(၄) ချုပ်နှောင်ထားရှိရန် လိုအပ်ပါက အမျိုးသားနှင့်အမျိုးသမီး သီးသန့်ခွဲခြားချုပ်နှောင်ခြင်း ပြုရမည်။
🔸အရပ်သားပြည်သူများနှင့် ဆက်ဆံရာတွင် လိုက်နာရမည့် ကျင့်ဝတ်များ🔸
(၁) အရပ်သားပြည်သူများအား ရိုသေစွာ ဆက်ဆံရမည်။
(၂) အရပ်သားပြည်သူများအပေါ် မောက်မာရိုင်းပြခြင်း၊ စော်ကားခြင်း၊ အနိုင်ကျင့်နှိပ်စက်ခြင်း၊ မူးယစ်ရမ်းကားခြင်း မပြုရ။
(၃) အမျိုးသမီးများ၊ လိင်စိတ်ကွဲပြားသူများအား ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း မပြုရ။
(၄) အရေးပေါ်လိုအပ်ချက်အရ အရပ်သားပြည်သူပိုင် ပစ္စည်းဥစ္စာများကို အသုံးပြုရပါက ကာလတန်ဖိုးအတိုင်း ပေးချေရမည်။
(၅) အရပ်သားများအား ဓားစာခံ (သို့မဟုတ်) လူသားဒိုင်းအဖြစ် အသုံးပြုခြင်း မပြုရ။
(၆) ကလေးသူငယ်များ၊ မသန်စွမ်းသူများ၊ အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ စသည့် ထိရှလွယ်အုပ်စုများ (Vulnerable Group)အား အထူးကာကွယ်စောင့်ရှောက်ပြီး လိုအပ်သည့် အကူအညီများပေးရမည်။
🔸အမျိုးသမီးများနှင့် ကလေးငယ်များအပေါ် လိုက်နာရမည့်ကျင့်ဝတ်များ🔸
(၁) အမျိုးသမီးများအား ကာယိန္ဒြေပျက်စီးစေခြင်း၊ အရှက်ခွဲခြင်း၊ ယုတ်ညံ့စေခြင်း၊ လိင်ပိုင်းဆိုင်ရာ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်း၊ အကြမ်းဖက်ခြင်း မပြုလုပ်ရ။
(၂) အရွယ်မရောက်သေးသော ကလေးများအား လိင်ပိုင်းဆိုင်ရာ ထိတွေ့ဆက်ဆံခြင်း၊ အကြမ်းဖက်ခြင်း မပြုလုပ်ရ။
#စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ
#ကာကွယ်ရေးဝန်ကြီးဌာန
#အမျိုးသားညီညွှတ်ရေးအစိုးရ
#NUG