ပါကစ္စတန်မှာ တရုတ်နိုင်ငံသားတွေ အသတ်ခံရလို့ တရုတ်အစိုးရ ဒေါသထွက်နေ

ပါကစ္စတန်မှာ တရုတ်နိုင်ငံသားတွေ အသတ်ခံရလို့ တရုတ်အစိုးရ ဒေါသထွက်နေ

ပါကစ္စတန်မှာ ဗုံးခွဲတိုက်ခိုက်ခံရလို့ တရုတ်နိုင်ငံသားတွေသေဆုံးမှုကို စုံစမ်းဖို့ စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်မယ်လို့ တရုတ်အမျိုုးသားလုံခြုံရေးဝန်ကြီ းZhao Kezhi က မနေ့က ပြောပါတယ်။

စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို ပြင်းပြင်းထန်ထန် အရေးယူအပြစ်ပေးနိုင်ဖို့ တရုတ်သမ္မတ Xi Jinping ကိုယ်တိုင်ညွှန်ကြားတာလို့ သူကပြောပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ပါကစ္စတန်နိုင်ငံမှာ ရေအားလျှပ်စစ်စီမန်ကိန်းရင်းနှီးမြုပ်နှံနေတဲ့ တရုတ်ကုမ္ပဏီဝန်ထမ်းတွေလိုက်ပါလာတဲ့ကား ဗုံးခွဲတိုက်ခိုက်ခံရပြီး တရုတ်အင်ဂျင်နီယာတွေအပါအဝင် တရုတ်ဝန်ထမ်း (၉) ဦးသေဆုံးခဲ့ပါတယ်။

ဖြစ်စဉ်နဲ့ပတ်သက်လို့ တရုတ်အစိုးရက အကြမ်းဖက်တိုက်ခိုက်မှုကြောင့်လို့ ပြောခဲ့ပြီး ပါကစ္စတန်တန်အစိုးရက တော့ ကားအင်ဂျင်ပေါက်ကွဲမှုကြောင့်လို့ ပြောခဲ့ပါတယ်။

ဒါပေမဲ့ မနေ့ကတော့ အင်ဂျင်ပေါက်ကွဲမှုကြောင့်မဟုတ်ပဲ အကြမ်းဖက်တိုက်ခိုက်ခံရတာလို့ ပါကစ္စတန်အစိုးရက ပြောင်းလဲပြောခဲ့ပါတယ်။

တရုတ်အကျိုးစီးပွါးကို မနာလိုသူတွေရဲ့တိုက်ခိုက်မှုလို့ တရုတ်ကစွတ်စွဲထားပြီး ကျူးလွန်သူတရားခံတွေကို ပါကစ္စတန်အစိုးရက ဖမ်းဆီးအပြစ်ပေးဖို့တောင်းဆိုထားသလို တရုတ်စုံစမ်းစစ်ဆေးရေးအဖွဲ့စေလွှတ်မယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

ပါကစ္စတန်အစိုးရအနေနဲ့ တရုတ်နိုင်ငံသားတွေကို သေချာကာကွယ်စောင့်ရှောက်ဖို့လည်း တရုတ်အစိုးရက တောင်းဆိုထားပါတယ်။

တရုတ်အစိုးရအာဘော်သတင်းတွေကတော့ အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေဟာ ပါကစ္စတန်တာလီဘန်တွေဖြစ်ဖို့များတယ်လို့ ဖေါ်ပြနေကြပါတယ်။

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *