မြန်မာ့ဒီမိုကရေစီမီးတောက်ဟာ ထိုင်းနိုင်ငံကို ပိုးစိုးပက်စက် ကူးစက်လောင်ကျွမ်းလေပြီ။
တနေ့တစ်ခြား ပြင်းထန်လာသည့် လူထုအုံကြွမှုတွေနှင့်အတူ ထိုင်းစစ်အာဏာရှင်တို့လည်း တိုင်ပတ်နေပါပြီ။ မကြာမီကာလအတွင်း အာဆီယံဒေသတွင်း နိုင်ငံအသီးသီးဆီသို့ ကူးစက်လောင်ကျွမ်းရာမှတဆင့် ချီးနားဆီကိုပါ မလွဲမသွေ ကူးစက်မှာ သေချာသလောက်ပင်။
ချီးနားအကြောက်ဆုံးကဒီရောဂါပါပဲ။ ချီးနားလက်ရှိကြုံတွေ့နေရသည့် ကပ်ဘေးကလည်း
ကြောက်ခမန်းလိလိပါပဲ။ လက်ရှိမြန်မာ့အရေး မကြာမီအောင်မြင်သွားလျှင် နိုင်ငံအသီးသီးအတွက် အရှိန်အဟုန်ပြင်းလာပြီး စစ်အာဏာရှင်စနစ်ဆိုးဆိုတာ ကမ္ဘာမြေပေါ်ကပါ ပျောက်ကွယ် သွားရတော့မှာပါပဲ။
ထိုင်းနိုင်ငံတွင်လည်း မြန်မာ့ CDM သူရဲကောင်းများကဲ့သို့ CDM သူရဲကောင်းများစွာ ဒီမိုကရေစီအရေး တိုက်ပွဲဝင် နေကြသည်မှာလည်း အားရစရာပင်
လက်ရှိသိရှိရသလောက်ကတော့ ပြည်နယ် ၁၂ ခုမှ အုပ်ချုပ်ရေးမှူးများ ခရိုင်အုပ်ချုပ်ရေးမှူး ၅၉ ဦး CDM ပြုလုပ်ပြီး ဘုရင့်တပ်မတော်မှ ပြည်နယ်ဆိုင်ရာစစ်မဟာဗျူဟာ ဗိုလ်ချုပ်ကြီး ၈ ဦး CDM ပြုလုပ်သွားပါပြီ။
မကြာမီကာလအတွင်း မြန်မာသည် စံပြဒီမိုကရေစီ နိုင်ငံတစ်ခု ဖြစ်လာတော့မည်မှာ မြေကြီးလက်ခတ်မလွဲ ဖြစ်ကြောင်း။
Credit #Hla Myo Thant