အကျဉ်းသား ငါးထောင်ကျော်အတွက် ICRC ကို CRPH ကအချက် ၇ချက် စာပို့တောင်းဆို

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ၊ ICRC(Myanmar)ထံကို ပြည်ထောင်စုလွှတ် တော်ကိုယ်စားပြုကော်မတီ ကနိုင်ငံအတွင်း က ထောင်အသီးသီးမှာ ရှိနေတဲ့ နိုင်ငံရေးအကျဉ်းသား ငါးထောင်ကျော်ရဲ့

နစ်နာဆုံးရှုံးနေတဲ့ လိုအပ်ချက်တွေကို နိုင် ငံတကာကျင့်ဝတ်တွေနဲ့အညီ အမြန်ဆုံး အ ကောင်အထည်ဖေါ်ပေးသွားဖို့ ဒီကနေ့မှာပဲ စာပို့ပြီး တိုက်တွန်းတောင်းဆိုခဲ့တာပါ။

ဒီတောင်းဆိုချက်မှာ အချက် ၇ ချက်ပါဝင်ပြီး အဲဒီအထဲမှာ မတရားဖမ်းဆီးချုပ်နှောင်ခံထားရတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကို အကျဉ်းထောင်၊ အချုပ်ခန်း၊

စစ်ကြောရေးစခန်းနဲ့ စစ်ဆေးရုံတွေမှာ ချုပ်နှောင်ထားတဲ့အခါမှာ လူ့ဂုဏ်သိက္ခာနဲ့အညီ လျှော်ညီစွာ မထားပဲ သန့်ရှင်းတဲ့ သောက်သုံးရေ၊ အစားအသောက်၊ နေရာထိုင်ခင်း နဲ့ ဆေးဝါးကုသခံရတာတွေ ချို့ယွင်းလိုအပ်နေတယ်လို့ ကြားသိနေရပါတယ်။

ဒါ့အပြင် အကျဉ်းကျခံနေရတဲ့သူတွေကို မိသားစုဝင်တွေက ထောင်ဝင်စာပေးခွင့် မရတာ၊ မိသားစုနဲ့ အဆက်အသွယ် မရတာ၊ တရားဉပဒေနဲ့အညီ ခုခံခြေပခွင့်မရှိတာ စတဲ့ နစ်နာဆုံးရှုံးမှုတွေ ရှိနေတာ၊

ကိုဗစ်တတိယလှိုင်းကို ကောင်းမွန်စွာ ထိန်း ချုပ်နိုင်ခြင်းမရှိတဲ့အတွက်အကျဉ်း ထောင် တွေ အတွင်းအထိ ရောဂါကူးစက်မှုတွေ ရှိနေတာ၊ လုံလောက်တဲ့ ကုသကာကွယ်မှုတွေ မရရှိတာ၊

အကျဉ်းထောင်တွေအတွင်း လူ့ဂုဏ်သိက္ခာတွေနဲ့မညီတဲ့ ဆက်ဆံမှုတွေ ရှိနေတဲ့အ တွက် တိုက်ပွဲဝင်တောင်းဆိုမှုတွေ ရှိနေတယ်လို့ ရေးသားထားပြီး ဒီအချက်တွေ နဲ့ပါတ်သက်ပြီး ICRC(Myanmar) အနေနဲ့ ယုံကြည်ချက်ကြောင့်

ဖမ်းဆီးထိန်းသိမ်းတာကို ခံနေရတဲ့ နိုင်ငံ ရေးအကျဉ်းသားတွေရဲ့ နစ်နာဆုံးရှုံးနေတဲ့ လိုအပ်ချက်တွေကို နိုင်ငံတကာကျင့်ဝတ်နဲ့အညီ အမြန်ဆုံး အကောင်အထည်ဖေါ်ပေးသွားဖို့ CRPH အဖွဲ့ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်းက လက်မှတ်ရေးထိုးတောင်း ဆိုသွားတာ ဖြစ်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *