လူဟာ အရမ်းအားငယ်နေချိန်မှာ ပထမဆုံး သတိရမိတတ်တာက သူ့အတွက်အရေးပါဆုံးဆိုတဲ့လူကိုပါတဲ့

သင် သိပါသလား..

လူဟာ အရမ်းအားငယ်နေချိန်မှာ ပထမဆုံး သတိရမိတတ်တာက သူ့အတွက်အရေးပါဆုံးဆိုတဲ့လူကိုပါတဲ့ အဲဒီလူဟာ ဘေးမှာရှိသည်ဖြစ်စေ၊ အဝေးမှာရှိသည်ဖြစ်စေ သတိရမိတတ်တယ်။ ဒီအချိန် ဒီအခါမှာ သူ့ဆီကနှစ်သိမ့်မှုရရင် သိပ်ကောင်းမယ်လို့ တွေးကြတယ်။

 

တချို့က ပြောတယ်.. လူတိုင်းက လောဘကြီးတယ်တဲ့။ ပွေ့ဖက်မှုတစ်ခုကို ရပြီးရင် နမ်းရှုံ့မှုတစ်ခုကို လိုချင်တယ်၊ နမ်းရှုံ့မှုကိုရပြီးရင် ရှည်လျားတဲ့တစ်သက်တာကို လိုချင်ရောတဲ့။

 

ကိုယ်ကတော့ အဲလိုမထင်ပါဘူး.. လူတိုင်းကလည်း လောဘမကြီးပါဘူး။ အချစ်ခံ ဦးစားပေးခံရသူကသာ လောဘကြီးတာပါ။ သူတို့က အချစ်ကိုပိုင်ဆိုင်ထားတော့၊ ဆုံးရှုံးသွားတတ်မှာ မဟုတ်မှန်းလည်းသိတော့ ဆိုးနွဲ့ရဲ၊ စိတ်ရူးပေါက်ရဲ၊ စိတ်ကြီးဝင်ရဲကြတာ။

 

တချို့က ချစ်နေ၊ တွယ်တာနေပြီး လွမ်းဆွတ်ရုံလေးသာ ရခဲ့တာ။

လွမ်းတယ်ဆိုပြီး ချက်ချင်းတွေ့ခွင့်ရတဲ့လူတွေကို သင် အားကျတတ်လား..

 

တချို့မှာတော့ လွမ်းတဲ့အခါ ဓာတ်ပုံလေးလှန်ကြည့် အသံတိတ်လွမ်း၊ မနှောင့်ယှက်တာကို အကျင့်ဖြစ်နေခဲ့ပြီ။

 

စိတ်ထဲမှာ သူ့ကိုအကြိမ်တစ်ထောင်၊ တစ်သောင်းမက အော်ဟစ်မိလည်း အပြင်ပန်းက ဘာမှမဖြစ်သလို၊ မေ့သွားသလို ရှိနေခဲ့ပြီ..

 

လူတစ်ယောက်ကို လွမ်းတဲ့အရသာက ဘယ်လိုပါလိမ့်..

မူးနေအောင် သောက်ထားလည်း ဘယ်သူ့ကို ကြည့်ကြည့် သူနဲ့တူနေတာမျိုးလား.. နားထောင်မိတဲ့ သီချင်းစာသားတိုင်းက သူနဲ့ ကိုယ့်ဇာတ်လမ်းကို ရေးထားသလိုမျိုးလား..

အရာရာတိုင်းမှာ သူ့အရိပ်က ထင်နေတာ..

လူတစ်ယောက်ကို လွမ်းတဲ့အခါ တစ်ခါခါ နွေးထွေးတယ်၊ တစ်ခါခါ အထီးကျန်တယ်။

ကံကောင်းတဲ့လွမ်းဆွတ်ခြင်းက တစ်ယောက်ယောက်ကို ကိုယ်လွမ်းတဲ့အခါ အဲဒီတစ်ယောက်ယောက်ကလည်း ကိုယ့်ကို လွမ်းနေတာကိုပဲ..

 

သင် ကံကောင်းပါစေလေ..

တစ်ယောက်ယောက်ကိုလွမ်းရင်း၊ ရင်ထဲနွေးနွေးထွေးထွေးခံစားရင်း အိပ်ရာဝင်နိုင်ပါစေ

 

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *