သဝန်တိုတယ်ဆိုတာ ချစ်သူတွေနှစ်ယောက်ကြားက အလိုလိုနဲ့ဖြစ်ပေါ်လာတတ်တဲ့အရာတွေပါ

တကယ်တော့… သဝန်တိုတယ်ဆိုတာ ချစ်သူတွေနှစ်ယောက်ကြားက အလိုလိုနဲ့ဖြစ်ပေါ်လာတတ်တဲ့အရာတွေပါ။

တချို့က ကိုယ်သဝန်တိုနေတာကို သူသိအောင် ဖွင့်ဟမပြောခဲ့ပဲ စိတ်ထဲမှာ မြိုသိပ်ပြီးသိမ်းထားတတ်တဲ့သူတွေလဲရှိကြတရ်။

 

တချို့က သူသိကိုယ်သိဆိုတဲ့အဖြစ်မျိုးနဲ့ ကိုယ်သဝန္တိုတတ္တာကို ဖုံးကွယ်မထားနိုင်ပဲ တဂယ်ဖွင့်ဟပြောဆိုတတ်တဲ့သူတွေလဲရှိကြပါတရ်။

 

ချစ်သူနှစ်ယောက်ကြားမှာ သဝန်တိုမူတွေမရှိခဲ့ကြဘူးဆိုရင် တဂယ်မချစ်ခဲ့ကြလို့ပဲဆိုတာ မင်းလက်ခံနိုင်မှာလား?။

 

ခုလိုမျိုး သဝန်တိုနေရတာဟာ ကိုယ့်ချစ်သူကို မယုံကြည်လို့တော့ မဟုပ်ပါဘူး သူ့ရဲ့ဘေးက တခြားသူစိမ်းတွေကို စိတ်မချလို့ပါ။

 

တချို့ပိုစ့်တွေအောက်မှာ ( love react ) ပေးနေတာမျိုး၊ ( love sticker ) ပေးနေတာမျိုး၊ ( love emoji ) ပေးနေတတ်တာမျိုးတို့ စသောအားဖြင့် လိုက်ပြီးသဝန်တိုတတ်တဲ့သူတွေရှိကြပါတရ်။

 

သိပ်ချစ်မိပီဆိုတာနဲ့ ဘယ်အရာမဆို သူနဲ့ပတ်သက်တဲ့ကိစ္စအသေးအမွှလေးကအစ အကုန်လုံးလိုက်ပြီးသဝန်တိုနေတတ်ကြတာတော့ အမှန်ပါ။

 

တခြားသူနဲ့ရောပြီး ရီရီမောမောနေတာမျိုးလဲ မကြိုက်ဘူး ကိုယ်ကလွဲပြီး တ်ခားသူကို ဦးစားပေးမိတာမျိုးကိုလဲ သဘောမကျပြန်ဘူး။

 

ကိုယ်မမြင်နိုင်တဲ့နောက်ကွယ်ရာမှာ ကိုယ့်ကိုမေ့ပြီး တခြားသူနဲ့ပျော်နေမိမှာကိုလဲ စိတ်ကစိုးရိမ်ပြန်တရ်။

 

ချစ်တဲ့စိတ်ကြောင့်နဲ့ ကိုယ့်ချစ်တဲ့သူကို သဝန်တိုနေတတ်ကြတာဟာ ကိုယ်ကသူ့ကိုဆုံးရှူံးလိုက်ရမှာကို တဂယ်ကြောက်နေလို့ပါ။

 

 

တခြားသူကိုအစားထိုးချစ်ပြီး နောက်ဆုံးမှာ ကိုယ်ပဲကျန်နေခဲ့ရမှာကိုလဲ တွေးပူတတ်ကြပါတရ်။

 

ခုလက်ရှိတွဲထားတဲ့သူက မင်းအပေါ်မှာ နေရာတကာလိုက်ပြီး သဝန်တိုတတ်နေခဲ့မရ်ဆိုရင် သူ့ကိုအပြစ်မမြင်ပါနဲ့။

 

သူကလွဲပြီး တခြားသူတွေနဲ့ မင်းကိုဘယ်သူနဲ့မှ မပတ်သက်စေချင်လို့ပါ မင်းကိုသူတဂယ်ချစ်နေခဲ့လို့ အခုလိုသဝန်တိုရတာမျိုး သူ့မှာရှိလာခဲ့တာပါ။

 

တဂယ်မချစ်ခဲ့ဘူးဆိုရင် အခုလိုမျိုး ဖြစ်လာစရာအကြောင်းလဲ မရွိပါဘူး ကိုယ်နဲ့မဆိုင်သလိုမျိုးနေခဲ့မှာပါ။

 

ထို့ကြောင့် သဝန်တိုတတ်တဲ့ချစ်သူကို ပိုချစ်ပေးပါ၊ အလေးနက်ထားပေးပါ တန်ဖိုးထားပေးပါ၊ ပိုပြီးစိတ်ရှည်သည်းခံပေးလိုက်ပါ။

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *