ကျွန်တော့်ကို ဘယ်သူနဲ့မှ လာနှိုင်းယှဥ်တာ မကြိုက်ဘူး..

ကျွန်တော့်ကို ဘယ်သူနဲ့မှ လာနှိုင်းယှဥ်တာ မကြိုက်ဘူး..

နောက်ပြီး ကျွန်တော်မှာ မာနရှိတယ်

ဘယ်သူ့ ဘယ်သူ ဘဝထဲမှာမှ အောက်ကျခံပြီး ရှင်သန်လေ့မရှိဘူး

ချစ်သူဘဲဖြစ်ဖြစ် သူငယ်ချင်းဘဲဖြစ်ဖြစ် အဆိုးဆုံးကတော့ ဆွေမျိုးတွေဆီမှာဘဲဖြစ်ဖြစ်ပေါ့

 

ကိုယ်ကောင်းသလို ပြန်ကောင်းပေးရင်တော့ သူတောင်းစားလဲ ပုခုံးဖက်ပေါင်းဖို့ ဝင်မလေးတဲ့ လူစားမျိုးထဲမှာ ကျွန်တော်ပါတယ်

 

မပတ်သတ်ချင်ရင်/မချီးမွှန်းချင်နေ ဘယ်သူနဲ့မှတော့ လာမနှိုင်းယှဥ်နဲ့ မကြိုက်ဖူး

ကိုယ်လဲ သူများကို ဘယ်သူနဲ့မှ နှိုင်းယှဥ်မပြတတ်သလို ကိုယ့်ကိုလဲ တစ်ခြားလူတစ်ယောက်နဲ့ လာနှိုင်းယှဥ်ရင် သေအောင်မုန်းတာ

ခင်ဗျားတို့ ကြားဖူးမှာပေါ့
ဥပမာ….. “ဘယ်သူကတော့ ဘယ်လိုတော်တာ ဘယ်လို ဝင်ငွေရှာနိုင်တာ မင်းနဲ့အသက်အရွယ်ခြင်းတူတူတောင် သူက မင်းထက်ပိုတော်တယ်နော် ဘာညာပေါ့ ”

“အဲ့ကလေးကလေ အသက်ကလေးငယ်ငယ်ရွယ်ရွယ်နဲ့ အရမ်းရင့်ကျက်တာ အရမ်းလဲ ယဥ်ကျေးတယ် စကားပြောလဲ ချိုသာတယ် မင်းနဲ့ဖြင့်ကွာပါ့” ဘာညာဆိုပြီး ကြားဖူးကြမှာပေါ့

ပြောချင်တာက သူကသူ ကိုယ်ကကိုယ် ဘာမှလာနှိုင်းပြနေစရာမလိုဘူး ကိုယ့်မှာလဲ မျက်လုံးတွေ နားတွေရှိတယ် အုံးနှောက်နဲ့လဲ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိတယ်

နောက်ပြီး အမြဲကြားရလေ့ရှိတဲ့စကားက
“ငါတို့က စေတနာနဲ့ပါ သူတို့လို မင်းကိုလဲ တော်စေချင် တတ်စေချင်လို့ပြောတာ” ပါတဲ့

စေတနာကို ဗန်းပြပြီး ကိုယ့်ကို လာနှိမ်နေတာ တစ်ခြား လူတစ်ယောက်နဲ့ လာနှိုင်းယှဥ်နေတာကို သိသိရက်နဲ့ စေတနာဆိုတဲ့ စကားတစ်ခွန်းကြောင့် အစော်ကား ခံခဲ့ရပေါင်းလဲ မနည်းတော့ပါဘူး

ဒါ့ကြောင့် ကျွန်တော်ကို ဘယ်သူနဲ့မှ လာမနှိုင်းယှဥ်ကြပါနဲ့ ဘယ်သူနဲ့မှလဲ လာပြီး တန်းမညှိကြပါနဲ့

ကျွန်တော့် ဖြစ်တည်မှုကို လက်ခံနိုင်မှ လာပတ်သတ်ပါ

မကြိုက်လို့ လာမပတ်သတ်လဲ I don’t care ပါနော်

ကျွန်တော်ဟာ ကျွန်တော်ဘဲမို့ ဘယ်သူနဲ့မှ လာမနှိုင်းယှဥ်ပါနဲ့ ။

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *