ချစ်တတ်တဲ့သူတွေက ပိုပြီး ပြတ်သားတတ်ကြတာကိုတော့ သိထားပါ

ချစ်တတ်တဲ့သူတွေက ပိုပြီး ပြတ်သားတတ်ကြတာကိုတော့ သိထားပါ

 

ဒီလူငါ့ကို သိပ်ချစ်တာပဲ ဘယ်တော့မှ ငါမရှိပဲ နေနိုင်မှာမဟုတ်ဘူးဆိုတဲ့ ခံယူချက်တွေ ရှိနေရင် ဖျက်ပစ်လိုက်တော့ ချစ်တတ်တဲ့သူတွေတော်တော်များများက ချစ်မိတဲ့အခါ အချစ်တွေ အကုန်ပေးပြီး ချစ်ခဲ့သလောက် လှည့်ထွက်တော့မယ်ဆိုရင်လဲ ပိုပြီးတော့ ပြတ်သားတတ်ကြတယ် … ပုံပြင်မှမဟုတ်တော့ ယုံပါလို့တော့ တကူးတကမပြောတော့ပါဘူး ။

 

လူတစ်ယောက်ကို သေလောက်အောင် ချစ်ခဲ့ဖူးတယ် သူ့မျက်နှာလေးမြင်ရုံနဲ့ အဆင်ပြေနေလား အဆင်မပြေဘူးလား သိနေတဲ့အထိ စကားတွေနားထောင်ရုံနဲ့ ဘာဖြစ်နေလဲ သိနေတဲ့အထိ တစ်ခါတစ်လေ အိပ်မက်တွေမှန်တဲ့အထိ လူတစ်ယောက်ကို ရူးရူးမူးမူးချစ်ခဲ့ဖူးတယ် … သူက ကိုယ့်ကို လိမ်လို့ရတယ်လို့ထင်ခဲ့တာ တချို့အရာတွေမှာတေ့ ကိုယ်ကိုယ်တိုင်က မနာကျင်ချင်လို့ အညာခံလိုက်တာကို သူမသိဘူး …

နေရာတကာမှာ သူနဲ့ပတ်သက်ပြီး စိတ်ပူခဲ့ဖူးတယ် စိုးရိမ်ခဲ့ဖူးတယ် … ဒါပေမယ့် ချစ်ပြတာတွေ လွန်သွားတယ် ထင်ပါတယ် ငါ ဘာလုပ်လုပ်ဖြစ်ပါတယ်ဆိုတဲ့ လုပ်ရပ်တွေနဲ့ မင်းဘာလုပ်လုပ် ဂရုမစိုက်ဘူးဆိုတဲ့ အချိုးတွေနဲ့ ငါ့ကို မချုပ်ခြယ်နဲ့ဆိုတဲ့ အပြောတွေပဲ ပြန်ရလာခဲ့တယ် နာရတာပေါ့ ဒီ နှလုံးသားက သိပ်ကို နာရတာပေါ့ မျက်ရည်တွေလဲ ကျရတယ် ညတွေလဲ အိပ်ရခက်တယ်

 

တစ်နေ့မှာပေါ့ … နာကျင်နေရခြင်းတွေမှာ အချိန်တွေကြာလာတဲ့တစ်နေ့မှာပေါ့ …. ကျွန်မ ဆက်မချစ်တော့ဖို့ ဆုံးဖြတ်လိုက်တယ် … ချစ်နိုင်တာထက် ပိုချစ်ပြီးခဲ့သလို ကိုယ့်ကိုယ်ကိုထက်တောင် ပိုချစ်ပေးခဲ့ပေမယ့်လို့ ဒီလူဟာ ကိုယ်နဲ့ ရေစက်တွေဆုံခဲ့တာမှမဟုတ်ပဲလေ ဝဋ်ကြွေးသက်သက်ဆိုတာကို လက်ခံလိုက်တယ် … ဖုန်းတွေမဆက်တော့ဘူး စာတွေမပို့တော့ဘူး စိတ်တွေမပူတော့ဘူး ချစ်လားလို့မမေးတော့ဘူး

 

သူလဲပျော်မယ်ထင်ပါတယ် ကိုယ်လဲ ခုလောလောဆယ် နေရတာအဆင်ပြေတယ် အရင်လို မနာကျင်ရတော့ဘူး အရင်လို မငိုရတော့ဘူး အရင်လို စိတ်မပူရတော့ဘူး သူလဲ စိတ်မရှုပ်ရတော့ဘူးပေါ့အခုမှ အဆင်ပြေလာတာပါ ။

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *