“ဒီတစ်ခါ တကယ်နောက်ဆုတ်လိုက်ပါပြီ”

“ဒီတစ်ခါ တကယ်နောက်ဆုတ်လိုက်ပါပြီ”

အဲ့လိုပြောပီး Online ပိတ်လိုက်တဲ့ ပြတ်သားသူကြီးဟာ ကျွန်တော်ပေါ့။
စိတ်ကုန်နေပြီဖြစ်ကြောင်း သူငယ်ချင်းတွေကို ပြောပြတော့ အချစ်တွေတော့ မကုန်သေးဘူးမလားလို့ ပြန်မေးကျတယ် ကိုယ့်မှာ အထိတ်တလန့်ပါပဲ…

အေးပေါ့ ပိုချစ်ခဲ့တဲ့လူကိုး …..
သူ့ကိုချစ်ခဲ့မိတာဝဋ်ကြွေးပါဟာလို့ ‘မင်း’တစ်ခြားတစ်ယောက်ကို အားကိုးတကြီး ညည်းပြနေမလား…

နင်ပျော်အောင် ဘာမဆိုလုပ်ပေးမယ်လို့ အဲ့ တစ်ခြားတစ်ယောက်ကများ မင်းကို သူရဲကောင်းကြီး လုပ်ပြနေမလား
ကိုယ် အိပ်မပျော်နိုင်တော့ဘူးကွယ် မူးအောင်သောက်တယ် ခန္ဓာကိုယ်က မခံနိုင်တော့တဲ့အဆုံး အိပ်ပျော်သွားတယ် ပြီးရင် စိတ်က ခန္ဓာကိုယ်ကို ပြန်နိုးတယ်။

Message လေးများပို့ထားမလားရှာတယ် မင်း Message လေး တစ်ကြောင်းက ဒီအချိန်မှာ ငါ့အတွက် အဟာရတစ်ခုပါပဲ။
အခုတော့ အကြိုက်ဆုံးဟင်းနဲ့ စားတဲ့ နေ့လည်စာကိုတောင် ရေနဲ့မျောချနေရတယ်။ ကိုယ်က ညမှလွင့်ရတဲ့ တိမ်တိုက်တွေလိုပါပဲ ဘယ်သူလာငေးချင်ပါ့မလဲ
အေးပေါ့ ပိုချစ်ခဲ့တဲ့လူကိုး ….. လွမ်းစရာရှိရင် နာစရာနဲ့ဖြေလို့ရတယ်လို့ ဘယ်ကောင် ပါးစပ် သရမ်းခဲ့တာလဲ …..

သူဘာလုပ်လုပ် နာလို့မရတဲ့အခါ ကိုယ့်မှာ မျက်ရည်တဝဲဝဲနဲ့ ရယ်။ ကျေးဇူးပြုပီး နေနိုင်သွားမှာပါလို့မနှစ်သိမ့်ကျပါနဲ့ သူနဲ့မပေါင်းဖက်ရဘူးလို့ မက်တဲ့အိပ်မက်တွေထဲမှာတောင် ကိုယ် အကြိမ်ကြိမ်သတ်သေဖူးတယ်။
ရည်းစားမရှားပါဘူးကွာ သူ့ထက်သာတာတွေမှတစ်ပုံကြီးဆိုတဲ့ မာနနဲ့ အတ္တလေးတွေဟာ သူမှသူဖြစ်နေတဲ့ ကိုယ့်နှလုံးသားကို မနိုင်ကျဘူး။ နောက်ဆုံးတော့ ကိုယ်ပြတ်သားစွာ message ပို့လိုက်တယ် “တောင်းပန်ပါတယ်” ဘာလို့ဆို ….. ပိုချစ်မိခဲ့သူမို့လေ… ”

𝐒𝐡𝐚𝐧𝐞 ( 𝐁𝐮𝐫𝐦𝐞𝐬𝐞 )

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *