ကျွန်တော်နဲ့ကျ မဖြစ်နိုင်ပါဘူးဆိုတဲ့သူက….. တခြားတစ်ယောက်နဲ့ကျ ဖြစ်နိုင်သွားတာမျိုး
ကျွန်တော်နဲ့ကျ ….. တစ်ယောက်ထဲနေပါရစေ ဆိုတဲ့သူက တခြားတစ်ယောက်နဲ့ကျ ပျော်ပျော်ရွှင်ရွှင် နေသားတကျဖြစ်လွယ်သွားတာမျိုး။
ဒါမျိုးတွေက ကျွန်တော့်ဘဝမှာ ထွေထွေထူးထူးမဟုတ်တော့ဘူး။ ဒီလိုလူတွေက …..
” ကျွန်တော် ” ဆွဲထားလို့သာ ပြေးထွက်မသွားတာ။
ကျွန်တော် မောပန်းလာတဲ့အခါ ကြိုးတွေ ဖြေလျော့လိုက်တဲ့အခါ သေချာပေါက် ထွက်သွားကြဦးမှာ သေချာပေါက် ကျွန်တော့်ကို နာကျင်အောင် လုပ်ခဲ့ဦးမှာ။
ဒါ့ကြောင့် ကျွန်တော်နဲ့မဖြစ်နိုင်ဘူးလို့ ငြင်းဆန်ခဲ့ဖူးတဲ့ သူတွေကို….. ကျွန်တော့်ဘက်က လိုက်ခံစားပေးဖို့ ထိုက်တန်တဲ့အရာလည်း မဟုတ်တော့ဘူး ၊
ကျွန်တော် နောက်ထပ်သေဆုံးလိုက်ဖို့ … ယုံကြည်ရလောက်တဲ့ ….. စိတ်ချမှုမျိုး အဲ့လိုလူဆီမှာ မရှိတော့ဘူး။
𝐒𝐡𝐚𝐧𝐞 ( 𝐁𝐮𝐫𝐦𝐞𝐬𝐞 )