မင်း နေတတ်တဲ့ type လေးအတိုင်းပဲနေ ဘယ်သူ့ကြောင့် ဘာအတွက်ကြောင့်မှ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မပြောင်းလဲပစ်နဲ့

မင်း နေတတ်တဲ့ type လေးအတိုင်းပဲနေ ဘယ်သူ့ကြောင့် ဘာအတွက်ကြောင့်မှ ကိုယ့်ရဲ့ ဖြစ်တည်မှုကို မပြောင်းလဲပစ်နဲ့

 

လူတစ်ယောက် ကိုယ့်ကို ချစ်လာအောင် ကိုယ့်ပုံစံကို ပြောင်းလဲနေရပြီဆိုကတည်းက တစ်ခုခုတော့ မှားနေပြီမလား။
လူတစ်ယောက်ကိုယ့်ကို ချစ်ဖို့ဆိုတာ လုပ်ယူလို့ ရတဲ့အရာမှ မဟုတ်ဘဲ မင်းပုံစံကို မကြိုက်တဲ့သူက ဘယ်တော့မှ မကြိုက်လာဘူး။

ရုပ်ဆိုးသည်ဖြစ်စေ ချောသည်ဖြစ်စေ ၊ ပိန်သည်ဖြစ်စေ ဝသည်ဖြစ်စေ ၊ ချမ်းသာသည်ပဲဖြစ်စေ ဆင်းရဲသည်ဖြစ်စေ ငါတို့ရဲ့ပင်ကိုယ် type လေးတစ်ခုကို တကယ်ချစ်တဲ့သူတစ်ယောက်က ပေါ်လာအုံးမှာပဲလေ။ ကိုယ့်ရဲ့ဖြစ်တည်မှုကို အရှိကို အရှိတိုင်း လက်ခံရမယ် တစ်စုံတစ်ယောက်ကို ချစ်လို့ သူ သဘောကျမယ့် type ကို ကိုယ်မနှစ်သက်ဘဲ ပြောင်းလဲရတာကို လက်မခံချင်ဘူး။

 

တစ်နေ့နေ့တော့ ကိုယ့်ရဲ့ ပုံစံလေးကို အရှိအတိုင်း တန်ဖိုးထားပေးမယ့်သူ ပေါ်လာမှာပါ။ မင်း နေတတ်တဲ့ type လေးကို လက်ခံပေးမယ့်သူပေါ့။
အဲ့ဒါကြောင့် နောက်ဆိုရင် ကိုယ့်ဖြစ်တည်မှုကို လက်ခံပေးနိုင်မယ့်သူဆီ လက်လှမ်းပါ။ ကိုယ့်ကို လိုချင်တဲ့သူဆီကိုပဲ ဦးတည်ပြီးသွားပါ။

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *