ကိုယ် ဘယ်တုန်းကမှ မေ့ဖို့မကြိုးစားခဲ့မိတာပါ

ကိုယ် ဘယ်တုန်းကမှ မေ့ဖို့မကြိုးစားခဲ့မိတာပါ

သူနဲ့ ပတ်သက်ခဲ့ဖူးတဲ့ အတိတ်မှာ ပိတ်မိနေတယ်လို့ပဲ ခေါင်းစဥ်တပ်ချင်တော့တယ် ။ သူ့ကို မေ့ချင်တယ်လို့ ပါးစပ်က ရွတ်နေမိပေမယ့် တကယ်တမ်းကျတော့ ကိုယ် ဘယ်တုန်းကမှ သူ့ကို မေ့ဖို့ မကြိုးစားခဲ့မိသေးဘူး ။
သူနဲ့ ဘယ်တုန်းက စတွေ့ခဲ့တာဆိုတဲ့ ရက်လေးကအစ ဘယ်တုန်းက ကိုယ့်ကို ထားသွားခဲ့တာဆိုတဲ့ ရက်လေးတွေအဆုံး ကိုယ် တယုတယမဟုတ်ပဲ နာနာကျင်ကျင်နဲ့ မှတ်မိနေတုန်းပဲလေ ။ ဘယ်အချိန် ဘယ်နေရာတွေက အစ ဘယ်တုန်းက ဘယ်လိုရှိခဲ့တာအဆုံးပေါ့ ။

ဖျက်မပစ်ရက်သေးတဲ့ ဓာတ်ပုံလေးတွေလဲ ရှိတယ် မဆက်ဖြစ်တော့တဲ့ ဖုန်းနံပါတ်လေးလဲ ရှိတယ် ။ ကိုယ်နဲ့ မဆိုင်ပေမယ့် ၀င်၀င်ကြည့်လေ့ရှိတဲ့ အကောင့်လေးတစ်ခုလဲ ရှိတယ် ပြီးရင် ငိုပြီး ပြန်ထွက်လာရတာပါပဲ ။ ကိုယ်က မေ့ချင်ပြီလို့ပဲ ပြောနေတာ တကယ်တမ်းကျတော့ မေ့ဖို့ တကယ်မကြိုးစားခဲ့မိဘူး ။

သူမရှိတော့တာ အခုဆို ဘယ်နှရက်တောင်ရှိပြီဆိုတဲ့ ရက်တွေကို ရေတွက်နေခဲ့မိတာ သူထားခဲ့ပါလားဆိုပြီး မနာကျည်းတတ်ခဲ့ဘူး ။ တကယ်ဆို … သူတောင် ပျော်နေပြီလေဆိုတဲ့ အတွေးနဲ့ ကိုယ်လဲ ပျော်အောင်နေမှ ဖြစ်မယ်ဆိုတာမျိုး လုံး၀ မတွေးဖြစ်ခဲ့ဘူး ။ ကိုယ် သူ့ကို မမေ့နိုင်ခဲ့တာ မဟုတ်ပဲ ဘယ်တုန်းကမှ မေ့ဖို့ မကြိုးစားခဲ့တာပါ ။

သျှင်ယွန်း

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *