လူတွေကို အကဲခတ်နည်းလေးပါ

လူတွေကို အကဲခတ်နည်းလေးပါ
လူတစ်ယောက်ရဲ့မျက်နှာကို ကြည့်ပြီးတော့ သူဘယ်လိုစိတ်ထား၊ ဘယ်လိုအမြင် ရှိတယ်ဆိုတာ အကဲခတ်လို့ရပါတယ်။ ဘယ်လိုမျိုးလဲဆိုတော့ ဥပမာ….

လူတစ်ယောက်က မျက်လုံးပြူးတယ်ဆိုရင် အမြင်ကျယ်သူတစ်ယောက်ဖြစ်ပြီး မျက်စိမှေးနေမယ်ဆိုရင်တော့ အမြင်ကျဉ်းသူတစ်ယောက်ဖြစ်တယ်။
ပါးလေးတွေ ဖောင်းနေမယ်ဆိုရင် လူပါးဝသူဖြစ်ပြီး ပါးလေးတွေ ပိန်နေရင်တော့ လူပါးမဝသူဖြစ်ပါတယ်။
လူတစ်ယောက်ရဲ့ နားရွက်ကို ကြည့်လိုက်လို့ နားရွက်လေးတွေက ထူနေမယ်ဆိုရင်တော့ နားထူသူဖြစ်ပြီး နားရွက်လေးတွေ ပါးနေမယ်ဆိုရင် နားပါးသူပါ။

နားရွက်ကို ဆွဲကြည့်လို့ လိမ်ပြီးပါလာမယ်ဆိုရင် နားလည်လွယ်သူ ဖြစ်ပါတယ်။ အဲဒီလိုမှမဟုတ်ရင်တော့ နားလည်လွယ်သူမဟုတ်ပါဘူး။
ပါးစပ်ကကြီးနေမယ်ဆိုရင် အစားပုပ်သူဖြစ်ပြီး ပါးစပ်ပေါက်က ကျဉ်းနေမယ်ဆိုရင် အစားနည်းသူ ဖြစ်ပါတယ်။
ခေါင်းကိုခေါက်ကြည့်လိုက်လို့ ဒေါင်ဒေါင်မြည်ရင် ခေါင်းမာသူဖြစ်ပြီး မမြည်ရင်တော့ ခေါင်းမမာဘူးလို့ ယူဆလို့ရပါတယ်။
အရပ်ရှည်ရင် အမျှော်အမြင်ရှိပြီး အရပ်ပုရင်တော့ အမျှော်အမြင်မရှိသူ ဖြစ်ပါတယ်။

ဒီလောက်ဆိုရင် လူတွေရဲ့မျက်နှာကို ဘယ်လိုအကဲခတ်ရတယ် ဆိုတာ သိလောက်ပြီပေါ့နော်။

Credit

Related Posts

Leave a Reply

Your email address will not be published.