ဘယ်လောက်ပဲ နီးနေနေ ဘယ်လောက်ပဲ ဝေးနေနေ “ငါတကယ် အချစ်ခံနေ ရတယ်” ဆိုတဲ့ ခံစားမှု မျိုးလေး ရရှိနေ ဖို့တော့ တကယ် လိုအပ်ပါတယ်
အချိန်မှန် စာပို့ ဖုန်းတွေပြောနေ တာထက် အများကြီးပိုတယ်
နေကောင်းအောင်နေ ထမင်း များများစား ဆိုတဲ့ အမှာ စကားတွေထက် အများကြီး ပိုတယ်
Goodnight အိပ်မက်လှလှမက်ပါစေ ဆိုတဲ့ Message ထက်လည်း အများကြီး ပိုပါတယ်
ကိုယ့်အပေါ် သက်ရောက်လာတဲ့ အပြုအမူတိုင်းမှာ ကိုယ်တကယ် အချစ်ခံနေရတယ်ဆိုတဲ့ အငွေ့အသက်မျိုး ခံစားရဖို့ သိပ်မလွယ်ကူပါဘူး
သူ့ရဲ့ စိတ်ထဲရင်ထဲ နှလုံးသားထဲက မေတ္တာ အဟုန်က အလွန်ကြီး မားမှသာ သူ့ရဲ့ ကြင်နာဂ ရုစိုက်မှုတွေက ကိုယ့်ကို ကြည်နူးပီတိဖြစ်စေတာ
နေ့နေ့ ညည စကားတွေပြောနေတယ် အဆက်အသွယ်တွေ ရှိနေတယ်
တစ်လပြီး တစ်လ တစ်နှစ်ပြီး တစ်နှစ် လက်တွေ တွဲနေတယ် ဒါပေမယ့် ချစ်ခြင်းမေတ္တာ ကို ခံစားရသေးရဲ့လား
ဘယ်လောက်ပဲ အချိန်တွေကြာကြာ ကိုယ့်ကို “ငါတကယ် အချစ်ခံနေရတယ်” ဆိုတဲ့ ခံစားမှုမျိုးလေး ပေးနိုင်တဲ့ ချစ်သူတစ်ယောက်ကို ပိုင်ဆိုင်ထား ရရင်တော့ ကံကောင်းခြင်းတစ်ခုပဲ
Sakura 🌸