လူတစ်ယောက်ကို တကယ်စိတ်ကုန်သွားပြီဆိုရင်

လူတစ်ယောက်ကို တကယ်စိတ်ကုန်သွားပြီဆိုရင်

လူတစ်ယောက်ကို တကယ်စိတ်ကုန်သွားပြီဆိုရင် သူနဲ့ပတ်သက်တာမှန်သမျှ စိတ်လည်းမဝင်စားတော့သလို လာပြောလည်း ရင်ကိုမတုန်တော့တာ ပုံမြင်ရင်လည်း မထူးဆန်းသလိုခံစားရပြီး လူတွေ့ရင်လည်း ဘာမှကိုမတုန်လှုပ်တော့တာ..
မုန်းသွားတာလည်းမဟုတ်ဘူး နာကြဉ်းနေတာလည်းမဟုတ်ဘူး ကြောက်နေတာမျိုးလည်းမဟုတ်ပြန်ဘူး ကိုယ့်စိတ်ထဲမှာသူက တစ်ခါမှမမြင်ဘူးမပေါင်းသင်းဘူးတဲ့လူလို ဖြစ်သွားတော့တာ

 

ချစ်ခြင်းမုန်းခြင်းတွေမရှိတော့တဲ့ခံစားချက်က စိတ်ကုန်သွားခြင်းပါ
သူ့ကိုထိခိုက်အောင်လုပ်တာမျိုးလည်း စိတ်ထဲမရှိတော့သလို သူ့ကိုတမ်းတလွမ်းဆွတ်နေတာမျိုးလည်း မရှိတော့ဘူး
လူတွေကသူ့အကြောင်းမကောင်းကြောင်းတွေလာလာပြောတဲ့အခါတိုင်းမှာ ဝင်မပြောချင်တော့သလို ကောင်းကြောင်းတွေနဲ့ ချီးမွမ်းခန်းဖွင့်နေတဲ့အခါတွေမှာလည်း ဘာမှဝင်မပြောတော့ဘဲ ပြုံးပြီးသာနားထောင်နေတာမျိုးပါ…
စိတ်ကုန်သွားခြင်းဟာ ရေစက်ကုန်သွားတာပါပဲ

လင်မယားတွေ သမီးရည်းစားတွေ အရမ်းခင်မင်ရတဲ့မိတ်ဆွေတွေဟာ အကြောင်းတရားမျိုးစုံကြောင့် စိတ်ကုန်သွားနိုင်ကြပါတယ်
စိတ်ဆိုးတာဟာ အကြောင်းကိစ္စတစ်ခုခုကြောင့်ဖြစ်ပြီး….
စိတ်ကုန်တာကတော့ အကြောင်းအရာတွေအားလုံးဟာ တဖြေးဖြေးနဲ့အဆင်မပြေမှုတွေ စိတ်သဘောထားခြင်းမတိုက်ဆိုင်မှုတွေစုလာပြီး နောက်ဆုံးဖြစ်လာတဲ့ အကြောင်းကိစ္စတစ်ခုကြောင့် လမ်းခွဲလိုက်တာမျိုးပါ

 

ဒါ့ကြောင့် လူတစ်ယောက်စိတ်ဆိုးသွားတယ်ဆိုရင် သူစိတ်ပြေလည်ချိန်မှာ ပြန်လည်ရှင်းပြတောင်းပန်ညှိနှိုင်းလို့ရနိုင်ပေမယ့် စိတ်ကုန်သွားပြီဆိုရင်တော့ သင်ဘာမှမတတ်နိုင်တော့ပါဘူး
ဘာမှဆက်လုပ်လို့မရတော့ဘဲ စိတ်ကုန်သွားတဲ့သူကို ထပ်တလဲလဲတောင်းပန်နေခြင်း ထပ်ခါထပ်ခါရှင်းပြနေခြင်း ကြားလူတွေပါဝင်ညှိနှိုင်းစေခြင်းက ပြဿနာကိုပိုမိုဆိုးရွားစေတယ်ဆိုတာသတိပြုပါ

လောကမှာ လူနှစ်ဦးဟာရေစက်ရှိသလောက်ပဲ ဆုံတွေ့ခွင့်ရှိတယ်ဆိုတာမမေ့ပါနဲ့
ရေစက်ကုန် စိတ်ကုန်သွားတဲ့အခါ ဘာမှဆက်လုပ်လို့မရတော့တာမို့ အဲဒီအခြေအနေကိုဒီအတိုင်းသာထားလိုက်ပါ
ရေစက်ကုန်သွားတဲ့အခြေအနေကို ထပ်မံဆိုးရွားအောင်ဖန်တီးနေခြင်းက သင့်ကိုအန္တရာယ်ဖြစ်စေတယ် သူ့ကိုလည်းအနှောက်အယှက်ဖြစ်စေနိုင်တယ် ဆိုတာသတိပြုပါ

 

ဒါ့ကြောင့် အကယ်၍များ ရေစက်တွေကုန်သွားခဲ့ကြရင်ဖြင့်..
သင်လည်း သင့်လမ်းသင်ဆက်လျှောက် သူလည်း သူ့လမ်းသူဆက်လျှောက်ကြရင်း အတူတူဆုံတွေ့ခဲ့ဖူးတဲ့ အတိတ်ဟာ အတိတ်အတိုင်းပဲ လှပစွာကျန်ရစ်ခဲ့ပါစေ……

 

Credit

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *