အကွာအဝေးတွေကြောင့်တော့ ကိုယ် သွေးမအေးခဲ့ပါဘူး

အကွာအဝေးတွေကြောင့်တော့ ကိုယ် သွေးမအေးခဲ့ပါဘူး
ဒါပေမယ့် တစ်ဖက်ကတော့ အရင်လို မနွေးထွေးတော့တာ သေချာပါတယ်

အကွာအဝေးတွေက လူနှစ်ယောက်ရဲ့အချစ်ကို သွေးအေးသွားစေသတဲ့
အရင်တုန်းကတော့ နှစ်ယောက်စလုံးရဲ့ ရင်ထဲမှာတစ်ယောက်ကို တစ်ယောက် ရှိနေရင် ဘယ်တော့မှ မဝေးဘူးလို့ ယုံကြည်ထားခဲ့မိတာ
တကယ်တမ်းကျတော့ အကွာအဝေးတွေက တကယ်ကိုပဲ လူနှစ်ယောက်ကို ဝေးစေပါတယ် တဖြေးဖြေးနဲ့ ကိုယ်ဆိုတာ ပျောက်ကွယ်သွားတာမျိုးပေါ့ …

 

တစ်နှစ်မှ တစ်ခေါက်တောင် တွေ့ဖို့မသေချာတဲ့ လူနှစ်ယောက် အရင်တုန်းကလောက် ဖုန်းတွေ မပြောဖြစ်တော့တဲ့အခါ ပိုပြီးတော့ဆိုးလာတယ် …
ကိုယ့်ဘက်က ပြောစရာတွေ အများကြီးရှိပေမယ့်လို့သူဟာ ကိုယ့်အတွက် အချိန်တွေမပေးချင်တော့တဲ့အခါ
စားပြီးပြီလား နေကောင်းလားဆိုတာနဲ့တင် အစပြုပြီး အဆုံးသတ်တယ် လွမ်းလိုက်တာဆိုပြီး ပြေးတွေ့ခွင့်တွေမရှိတဲ့ ဘဝတွေက တကယ်ပဲ ဆိုးတယ် …

 

တစ်နေ့နီးဖို့ဆိုတဲ့ မျှော်လင့်ချက်တွေက အရင်ကလောက် မသေချာတော့ဘူး …
တစ်နေ့မှ မနီးတော့တာမျိုးလဲဖြစ်လာနိုင်တယ်ဆိုပြီး အဆုံးစွန်ထိတွေးပြီး အဆုံးစွန်ထိ ဝမ်းနည်းခဲ့ဖူးတယ်လို့ ပြောရင်ရူးတယ်လို့ပဲ စွပ်စွဲပါ ..
တကယ်ကို မနွေးထွေးနေတော့ဘူး သူ့အပြောလေးတွေ သူ့အပြုံးလေးတွေ အရာရာကိုအရင်တုန်းကလို ဟုတ်မနေတော့ဘူး အစကလို တစ်နေ့ကျရင်ဆိုတဲ့ စကားလုံးတွေနဲ့ ကိုယ့်ကို မပျော်စေတော့ဘူး …

 

နီးမယ့်တစ်နေ့ကို မျှော်လင့်ရင်း အဝေးကြီးမှာ နေခဲ့မိတာ မှားပြီနဲ့တူပါတယ် …
ဘယ်တော့မှ မနီးတော့သလို အရင်တုန်းကလောက် မနီးတော့သလို ကိုယ် ခံစားမိလာတယ် …
အကွာအဝေးတွေက ငါတို့ကို ဘယ်တော့မှ မဝေးစေဘူးဆိုပြီး ကြွားလုံးထုတ်ခဲ့သမျှ ခုတော့ မျက်ရည်တွေနဲ့ပဲ ဖြေသိမ့်ရတယ် ကိုယ့်အချစ်တွေ စစ်မှန်ရင်ဆိုပြီးသာ တိုင်တည်ရတယ် …

အဝေးမှာ နေရင်းက ကိုယ့်ရဲ့နေရာတွေက တဖြေးဖြေးဝေဝါးလာတယ်
ကိုယ့်ရဲ့ အရေးပါမှုတွေဟာ တဖြေးဖြေးပျောက်ဆုံးလာခဲ့တယ်
ဒီလိုနဲ့ ကိုယ်ဆိုတာလဲ သူ့ဘဝထဲ တဖြေးဖြေး အရေးမပါပဲ ဖြစ်လာတယ်
အကွာအဝေးတွေကြောင့်တော့ ကိုယ် သွေးမအေးခဲ့ပါဘူး ဒါပေမယ့် တစ်ဖက်ကတော့ အရင်လို မနွေးထွေးတော့တာ သေချာပါတယ် ။

 

Crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *