မင်းရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို ပုံအောပြီး ချစ်တဲ့သူနဲ့ဆုံဆည်းတဲ့တစ်နေ့တော့ မင်းဘဝမှာ အချစ်စစ်နဲ့ အသေအချာ အချစ်ခံရပြီ

မင်းရဲ့ စိတ်ဝိညာဉ်တစ်ခုလုံးကို ပုံအောပြီး ချစ်တဲ့သူနဲ့ဆုံဆည်းတဲ့တစ်နေ့တော့ မင်းဘဝမှာ အချစ်စစ်နဲ့ အသေအချာ အချစ်ခံရပြီပဲ။

မနက်ခင်းတိုင်း မင်းဆီ အလိုက်တသိစာလေးတွေရောက်လာမယ်။ မင်းပျော်နေလား ၊စိတ်ညစ်နေလား အစစအရာရာကို အလေးထားမယ်။
မင်းရဲ့ မကောင်းတဲ့အချက်တွေကို အပြစ်မမြင်သလို… မင်းက သူ့အပေါ်အမှားတွေအများကြီး လုပ်ခဲ့မိရင်တောင် ငြိုငြင်သွားမှာ မဟုတ်ဘူး။

မင်းဘဝမှာ လူတွေအများကြီးနဲ့ ဆုံရလိမ့်မယ်။
ဒါပေမဲ့ မင်းတွေ့ရတဲ့သူတိုင်းကတော့ မင်းအနားမှာ အမြဲရှိနေပေးနိုင်မှာမဟုတ်ဘူး တစ်နည်းနည်းနဲ့ မင်းအနားကနေ ထွက်ခွါသွားကြဦးမှာပဲ။

 

တကယ်လို့ မင်းသာ အဲ့ဒီ့လူကို ရှာတွေ့တဲ့တစ်နေ့ရောက်ခဲ့ရင် ကံကောင်းခြင်းဆိုတာ ဘာလဲမင်းသိလာလိမ့်မယ်။နောက်ဆုံးထွက်သက်ထိမင်း အချစ်ခံရလိမ့်မယ်။
Right person ဆိုတာ Wrong person တွေအများကြီးနဲ့တွေ့ဆုံပြီးသွားမှ ဆုံရတဲ့သူမျိုးပါ။

Wrong person တွေမရောက်လာတော့တဲ့ တစ်နေ့နေ့ တစ်ချိန်ချိန်တော့
မင်းလည်း သူများနည်းတူ တစ်စုံတစ်ယောက်ဆီက တုန်နေအောင် အချစ်ခံရဦးမှာပေါ့လေ….

 

Crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *