ရှင်သန်ရတာ အနှစ် ၂၀ ဝန်းကျင်ပဲ ရှိသေးတဲ့ ဘဝတစ်ခုမှာတောင် ငါဟာ လူ့ဘဝကိုအတော်စိတ်ကုန်နေခဲ့ပါတယ်

ရှင်သန်ရတာ အနှစ် ၂၀ ဝန်းကျင်ပဲ ရှိသေးတဲ့ ဘဝတစ်ခုမှာတောင် ငါဟာ လူ့ဘဝကိုအတော်စိတ်ကုန်နေခဲ့ပါတယ်..

 

 

ဒါကြောင့်လည်း ဘယ်နေရာကိုမဆို ထွက်သွားဖို့အမြဲ အသင့်ဖြစ်နေခဲ့ပြီး ဘယ်အရာကိုမှ ထွေထူးပြီး ကြောက်မနေတတ်ခဲ့ဘူး။
သေရဲတာမှသတ္တိမဟုတ်ဘဲ နေရဲတာလည်းသတ္တိပဲလို့ အံကျိတ်ရင်းရှင်သန်နေထိုင်ခဲ့ရုံပါပဲ
ခက်ခက်ခဲခဲပြန်ထူထလိုက် လောကဓံက ပြန်ရိုက်ချလိုက်နဲ့ ငါဟာ ဘယ်နေ့အဆုံးသတ်ရမလဲလို့ပဲ.

 

တစ်ခါတလေထိုင်စောင့်နေလိုက်ချင်တယ် ဒါတောင် ငါဟာ လူသားဆန်ခဲ့တယ်
ကြင်နာတတ်တယ်၊အလုပ်ကြိုးစားတယ် ရည်မှန်းချက်ကြီးတယ်၊သစ္စာတရားကြီးမားတယ်
တကယ်လို့များ ငါဆိုတဲ့ ကြယ်သာကြွေခဲ့ရင် ဘယ်သူ့ကိုမှ ထွေထူးပြီးဝမ်းမနည်းစေချင်ပါဘူး

ငါဟာ ကြွေချင်နေတဲ့ကြယ်မိုလို့၊ အအိပ်မက်တဲ့ ကြယ်မိုလို့
သေတာဟာ လွတ်မြောက်ခြင်းလို့ အမြဲတွေးနေတတ်ခဲ့လို့ပေါ့။

Crd

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *