ချစ်သူတွေဖြစ်နေပြီး ပြောစရာစကားမရှိလို့ စကားသိပ်မပြောဖြစ်ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူးကွာသိလား

ချစ်သူတွေဖြစ်နေပြီး ပြောစရာစကားမရှိလို့ စကားသိပ်မပြောဖြစ်ဘူးဆိုတာ အဓိပ္ပာယ်မရှိဘူးကွာသိလား

တကယ်တရင်းတနှီးနေတဲ့ အတွဲဆိုတာကလေ ပြောစရာစကားက တစ်နေကုန်တောင်ပြောရင်ကုန်မှာ မဟုတ်ဘူး
တစ်နေကုန်ကြီး အချိန်ပေးပြီးစကားပြောရမယ်လို့ ဆိုလိုတာမဟုတ်ဘူးကွာ ညဆိုည အားတဲ့အချိန်လေးတစ်ယောက်နဲ့တစ်ယောက် အချိန်ပေးပြီး စကားလေးတွေပြောကြရင် ရင်းနှီးမှုပိုရမယ်ထင်တယ်

သူလည်းသူလုပ်စရာရှိတာလုပ် ကိုယ်လည်းကိုယ်လုပ်စရာရှိတာလုပ် တစ်နေကုန်နေမှ အရမ်းချစ်တယ်လေး တစ်ခွန်းလောက်ပြောတာကကျတော့ အရမ်းအေးစက်လွန်းတယ်
အေးစက်လွန်းရင် ဘာဖြစ်လဲ သိလား ငါကသူမရှိလဲအဆင်ပြေတာပဲဆိုပြီး တစ်ယောက်နဲ့တစ်ယောက်ဝေးကွာသွာရော

အထူးသဖြင့် ဒီလိုအချိန်မျိုးတွေမှာ ပိုဂရုစိုက်သင့်တယ် စာပို့ဖို့မအားရင်တောင် ဖုန်းလေးဆက်ပြီး အိပ်ရာနှိုးတာတို့ အစားပုံမှန်စားဖို့ ကျန်းမာရေးဂရုစိုက်ဖို့ပြောတာမျိုးတို့
ညဆိုဖုန်းလေးဆက်ပြီး တီတီတာတာလေးတွေပြောတာမျိုးတို့ စိတ်ဓာတ်မကျဖို့ motivate လုပ်တာမျိုးတို့လုပ်သင့်တယ်
လူတိုင်းကစိတ်ဓာတ်ကျနေတဲ့ အချိန်ဆိုတော့ အော်ငါ့အတွက်သူ ဂရုစိုက်ပါလားဆိုတဲ့ စိတ်လေးနဲ့ စိတ်ဓာတ်ကျနေလည်း နည်းနည်းပါးပါးစိတ်သက်သာရာရစေတာပေါ့။

ကိုယ်တွေရည်းစားဘဝတုန်းကနေ အခုအိပ်ထောင်ကျလို့အတူတူနေရတဲ့အချိန်ထိ တစ်ယောက်နဲ့တစ်ယောက် အမြဲဂရုစိုက်ပြီး အချိန်ပေးတယ်
တစ်နေကုန်မအားရင်တောင်ညပိုင်းလေးတော့ တစ်ယောက်နဲ့တစ်ယောက်အချိန်ပေးဖြစ်တယ် သတ်နေတဲ့အချိန်ကလွဲလို့ပေါ့

နောက်ဆုံးမှာချင်တာက ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် အခုလိုစိတ်ဓာတ်ကျနေတဲ့ အချိန်မျိုးမှာ ကိုယ့်ချစ်သူကို ဂရုစိုက်ပြီးချစ်ပေးကြပါလို့ ချစ်နေရင်ပြီးရောဆိုပြီး ပစ်မထားကြပါနဲ့လို့ ❤️

 

Crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *