ကိုယ်ချစ်ရတဲ့ မင်းကို သန်မာစေချင်တယ် ကလေး…

ကိုယ်ချစ်ရတဲ့ မင်းကို သန်မာစေချင်တယ် ကလေး…

ကိုယ်ဟာ ဘယ်အချိန် ဘယ်လို သေသွားမယ်မှန်း မခန့်မှန်းနိုင်ဘူး။
ဒါ့ကြောင့် ကိုယ်မရှိလည်း မင်းကို နေတတ်အောင် နေစေချင်မိတယ် ။
အားငယ်တတ်တဲ့စိတ်ကို ဖျောက်ပစ်လိုက်စေချင်တယ်။
တစ်ခုခုဆိုရင် မျက်ရည်ဝဲလာတတ်ပြီး တစ်ယောက်ထဲ သိမ်ငယ်နေတတ်တဲ့ အကျင့်ကို ပျောက်ကွယ်သွားစေချင်တယ်။

မင်းဟာ တစ်ယောက်ထဲလည်း ရုန်းထနိုင်စွမ်းရှိပါတယ်။
မိန်းကလေးတစ်ယောက်ဆိုတဲ့ ကန့်သတ်ချက်တွေကို မေ့ပစ်လိုက်ပြီး မင်းကို မာကျောတတ်စေချင်တယ် ။
စာများများဖတ်ပါ….. ဘ၀ရည်မှန်းချက်တွေ ကိုတစ်ဖြည်းဖြည်း ကြိုးစားတည်ဆောက်ပါ။
ပြိုလဲတဲ့အချိန်တိုင်း ချက်ချင်းပြန်ထနိုင်ဖို့ ကြိုးစားပါ။

မင်းဘေးမှာ ဘယ်သူမှ မရှိတော့ဘူးလို့ ထင်ရတဲ့အချိန်တွေတိုင်း တစ်ယောက်ထဲလည်း ရုန်းကန်တတ်ဖို့ ကြိုးစားသင်ယူပါ။
ခရီးတွေထွက်ချင်လား ထွက်ပါ။
အဖော်တွေမလိုပါဘူး ။
ဟိုးတောင်တန်းကြီးတွေဆီကနေ ဟိုးပင်လယ်တွေဆီ သွားဖို့ ….. ယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ ဘုရားစေတီပုထိုးတွေဆီ လည်ပတ်ဖို့ အဖော်တွေ မလိုပါဘူးကွာ။

မင်းတစ်ယောက်ထဲလည်း ရပါတယ် ။
အဓိကက သန်မာတဲ့စိတ်ဓါတ်ရှိဖို့ …..
ရဲရင့်တဲ့ စိတ်ထားရှိဖို့ ……
အထူးသဖြင့် မင်းကိုယ်မင်း အားကိုးတတ်ဖို့။

 

Crd

 

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *