ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ နားမလည်သူ

ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ နားမလည်သူ
တစ်ယောက်ယောက်က မေးတယ်.. “တကယ်လို့ နင်ကြိုက်နေတဲ့လူက နင့်ကိုကြိုက်မနေရင်ဘယ်လိုလုပ်မလဲ” တဲ့..

ဒီလိုအဖြစ်မျိုး ကိုယ်တစ်ခါမှ မကြုံဖူးပါဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်ကိုမကြိုက်တဲ့လူကို ကိုယ် မကြိုက်တတ်လို့ပါပဲ။ အငြင်းပယ်ခံရတာမျိုးကို ကိုယ် မလိုလားဘူးလေ။
သူ ကိုယ့်ကိုမကြိုက်ဘူး… ကိုယ်က ဘာလို့ သူ့ကိုကြိုက်ရဦးမှာလဲ။ ကိုယ့်ဒုက္ခကိုယ် ကိုယ် မရှာချင်ပါဘူး။
ကြိုက်တယ်ဆိုရင် ကြိုက်တယ်… မကြိုက်ဘူးဆိုမှတော့ အဓမ္မမလုပ်သလို ကိုယ် စောင့်လည်းနေမှာ မဟုတ်ဘူး။
ကိုယ့်ကိုမကြိုက်တဲ့သူ စိတ်ပြောင်းလာအောင် စောင့်နေမယ့်အစား ကိုယ်ချစ်မယ့်သူကိုပဲ ကိုယ်စောင့်တော့မှာပေါ့။

တခြားသူ ကိုယ့်ကိုကြိုက်နှစ်သက်အောင်လုပ်တဲ့နည်း စာအုပ်တွေ ကိုယ်လုံးလုံးမဖတ်ဘူး။
ဒီနှစ်တွေမှာ သိပ္ပံပညာရှင်တွေရဲ့ ဆန်းစစ်ရှာဖွေတွေ့ရှိမှုအရ လူတိုင်းရဲ့ကိုယ်ပေါ်မှာ ထူးခြားတဲ့ Pheromone လို့ခေါ်တဲ့ ဓာတုဒြပ်တစ်မျိုးရှိသတဲ့။
လူ့အချင်းချင်းကို ဆွဲငင်စေတာက အဲဒီ Pheromone ရဲ့ တမူထူးခြားတဲ့ အနံ့အသက်ကြောင့်ပဲ။

 

ကိုယ့်ရဲ့ Pheromone က သူ့ကို ဖမ်းစားမထားနိုင်ရင် ဒါဟာ ကိုယ့်အပြစ်မဟုတ်သလို ကိုယ့်ရဲ့ရုပ်ရည်၊ ကိုယ့်ရဲ့အသိဉာဏ်နဲ့လည်း မဆိုင်ပါဘူး။
သူချစ်မိတဲ့သူက ကိုယ့်ထက်အစစအရာရာ နိမ့်ချင်နိမ့်မယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ရဲ့ Pheromone က အချင်းချင်းနွှယ်ငယ်တော့ ဘယ်တတ်နိုင်မလဲ..

ကိုယ့်ကို မကြိုက် မနှစ်သက်သူအတွက် မျက်ရည်ကျတယ်… ဒါ တန်သလားပေါ့။
တကယ်လို့ သူ့မှာ ကိုယ်နဲ့အတူလက်မတွဲနိုင်တဲ့ သောကရှိတယ်ဆိုရင်တော့ ကိုယ်နားလည်ပေးနိုင်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ ကိုယ့်ကို သူလုံးလုံးမချစ်ဘူးဆိုရင်တော့ သူ့အတွက်မျက်ရည်ကျရတာ မတန်ပါဘူး။…

 

သူ ကိုယ့်ကိုမချစ်ဘူး၊ ဒါကြောင့် ကိုယ်လည်း သူ့ကို မချစ်ဘူး… ဒီလိုမှ မျှတတာ။
တကယ်လို့ ကိုယ့်ကိုမချစ်တဲ့လူတစ်ယောက်ကို မချစ်ဘဲမနေနိုင်ဘူးဆိုရင် ဒါဟာ ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ နားမလည်သေးလို့ပေါ့။

 

Crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *