လူတွေက တစ်ယောက်ပြီးတစ်ယောက် ဘဝထဲကို ဝင်လာကြတယ်

လူတွေက တစ်ယောက်ပြီးတစ်ယောက် ဘဝထဲကို ဝငလာကြတယ်

တစ်ယောက်ပြီးတစ်ယောက် ပြန်ထွက်သွားပြီး တစ်ခုပြီးတစ်ခု အမှတ်တရတွေကိုချန်ထားခဲ့တယ် ။
အမှတ်တရတွေဆိုပေမယ့် သူတို့ထွက်သွားပြီး ပြန်တွေးတိုင်းမျက်ရည်ဝဲစေတဲ့ ဝမ်းနည်းမှုမှတ်တမ်းတွေလို့ပဲပြောချင်တယ် ။

ကံကုန်လို့ ပြန်ထွက်သွားကြေးဆို ဘာလို့ Memory တွေက ကံမကုန်တာလဲ ?
တဖြည်းဖြည်းနဲ့ အချိန်ကကုန်တာမြန်လာတယ်ထင်ရတယ် ၊ ငါကပဲအမြဲတစ်ယောက်တည်းဖြစ်နေလို့ အချိန်တွေရေတွက်နေမိလို့များလားလို့လဲ သံသယဝင်မိတယ် ။
ဒါပေမယ့် ငါသေချာနားလည်လိုက်တယ် ငါသေချာသဘောပေါက်လိုက်တယ် ။
ဘယ်သူမှ ငါတို့တွေရဲ့အနားမှာ ထာဝရရှိမနေနိုင်ဘူးဆိုတာပါ ။

ငါတို့ခန္ဓာတောင် ငါတို့မပိုင်တာ ငါတို့နားက ငါတို့ချစ်တဲ့သူတွေရဲ့ စိတ် ၊ ခံစားမှု ၊ စတာတွေကိုဘယ်လိုပိုင်မလဲ ?
သူတို့ ထွက်သွားချင်ရင်ထွက်သွားမှာပဲ တားပိုင်ခွင့်မရှိ ။
ဒါပေမယ့် တစ်ခုပဲ သူတို့တွေငါတို့ဘဝထဲဝင်လာတဲ့အချိန် ပျော်ရွှင်စွာကြိုဆိုခဲ့ကြတယ်

ဒီလိုပဲ သူတို့ထွက်သွားတဲ့အခါ နောင်တတွေ ၊ အမုန်းတွေမကျန်စေခဲ့ဘဲ အပြုံးလေးနဲ့နှုတ်ဆက်နိုင်ဖို့ ငါတို့ကြိုးစားကြမယ် ။
ငါတို့အနား ငါ့ရဲ့အနားမှာဘယ်သူမှ‌ ထာဝရမရှိနေနိုင်ဘူး ။
ဒါပေမယ့် ငါတို့ဘဝထဲကိုဝင်လာတဲ့သူတွေကိုတော့ တာဝန်ကျေခြင်တယ် ။
သူတို့ချစ်သလို ပြန်ချစ်ပေးမယ် ဂရုစိုက်ပေးမယ် ၊ကြင်နာပေးမယ် ဒါလုပ်ပေးနိုင်တာအကုန်ပဲ ။

ဒီလိုပဲ အချိန်တန်လို့ ထွက်သွားပြန်ရင်လည်း ပြုံးပြုံးလေးနှုတ်ဆက်နိုင်ဖို့ ငါတို့ရဲ့စိတ် ၊ တစ်ယောက်တည်းနေနိုင်ဖို့ ၊ နေတတ်ဖို့ကိုလည်းပြင်ဆင်ထားရမယ် ။
လူတွေက ဝင်လာလိုက် ထွက်သွားလိုက် အမှတ်တရတွေက သတိရတစ်ချက် မေ့ခနပဲ နာကျင်မှုတွေက ပျောက်သွားလိုက် ရုတ်တရက်ပြန်ပေါ်လာလိုက် တစ်ကယ်တော့ ဘဝကြီးမှာ ငါဆိုတာငါပါဘဲ ငါ့ဘေးနားရှိနေတာလဲ ငါပါဘဲ ။

 

Crd

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *