ရုတ်တရက်ကြီး ကော်ဖီဖြတ်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ရုတ်တရက်ကြီး ကော်ဖီဖြတ်လိုက်မယ်ဆိုရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာနိုင်လဲ

ကော်ဖီသောက်ခြင်းက ကျန်းမာရေးအကျိုးကျေးဇူးတွေ များစွာရှိပေမယ့် တစ်ချို့လူတွေအတွက်တော့ ကော်ဖီဖြတ်လိုက်တာက မှန်ကန်တဲ့ဆုံးဖြတ်ချက် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကဖိန်းဓာတ်ကင်းစင်တဲ့ဘဝကို ချက်ချင်းစတင်လိုက်ဖို့က မဖြစ်နိုင်ပဲ ဒါကို ဖြည်းဖြည်းချင်း ပမာဏလျော့ချပြောင်းလဲပြီး လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်ရပါမယ်။ ကော်ဖီသောက်တတ်သူရဲ့ ခန္ဓာကိုယ်ဟာ ကော်ဖီကိုမှီတွယ်နေတဲ့အတွက် ရုတ်တရက် ကဖိန်းဓာတ်ကိုဖြတ်လိုက်မယ်ဆိုရင် အဆင်မပြေတဲ့လက္ခဏာတစ်ချို့ကို ဖြစ်လာစေနိုင်ပါတယ်။

– ခေါင်းကိုက်ခြင်းကို ဖြစ်လာစေတယ်

ခေါင်းကိုက်ခြင်းနဲ့အတူ အိပ်ရာကနိုးထလာချိန်မှာ ကော်ဖီပူပူလေးတစ်ခွက်က ဒီဝေဒနာကို ပြေပျောက်သွားစေနိုင်ပါတယ်။ ကော်ဖီက ဦးနှောက်ထဲကသွေးကြောတွေကို ကျဉ်းသွားစေတာကြောင့် ခေါင်းကိုက်ခြင်းကို သက်သာစေတာဖြစ်ပါတယ်။ ကော်ဖီဖြတ်ဖို့ ရုတ်တရက်ဆုံးဖြတ်လိုက်တဲ့အခါ သွေးကြောတွေကိုပွင့်လာပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှု တိုးလာစေတာကြောင့် ရုတ်တရက်ပြောင်းလဲသွားမှုကို ခန္ဓာကိုယ်က ပြန်တုံ့ပြန်တဲ့အနေနဲ့ နာကျင်တဲ့ခေါင်းကိုက်မှုကို ဖြစ်စေနိုင်ပါတယ်။

-စိုးရိမ်ပူပန်မှုကို ပိုခံစားလာရတယ်

ကဖိန်းဓာတ်က သင့်ကိုရင်တုန်ခြင်းမျိုး ဖြစ်စေနိုင်ပေမယ့် သင့်ခန္ဓာကိုယ်က အဲဒီအပေါ်မှာ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာပါ မှီခိုနေတာဖြစ်ပါတယ်။ ကော်ဖီကိုချက်ချင်းဖြတ်လိုက်တဲ့အခါ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှုကို ခံစားလာရစေတာ ဖြစ်ပါတယ်။ တကယ်လို့ ကော်ဖီကို သကြားထည့်ပြီး သောက်ရတာကြိုက်တဲ့သူတွေအတွက် ပိုပြင်းထန်တဲ့ အာရုံကြောလက္ခဏာတွေကို ခံစားရတတ်ပါတယ်။

– သွားတွေကို ထိခိုက်လွယ်စေတယ်

ကဖိန်းဓာတ်ဖြတ်တောက်လိုက်ခြင်းရဲ့ မနှစ်မြို့ဖွယ်လက္ခဏာတွေထဲက တစ်ခုကတော့ ပျို့အန်ခြင်းကို ဖြစ်စေနိုင်တာပါ။ ဗိုက်ထဲအဆင်မပြေဖြစ်ပြီး ပျို့အန်ခြင်းဖြစ်စေနိုင်ကာ ဒါက သွားတွေကိုထိခိုက်စေနိုင်ပါတယ်။ ကော်ဖီသောက်ခြင်းက အဝါရောင်သွားတွေကို ဖြစ်စေနိုင်ပေမယ့် ရုတ်တရက်ဖြတ်လိုက်တဲ့အခါမှာတော့ ခံတွင်းကျန်းမာရေးကို ကောင်းမွန်စေမှာမဟုတ်ပါဘူး။ အော့အန်ခြင်းက ခံတွင်းခြောက်သွေ့ခြင်းနဲ့ တိုက်စားခြင်းတို့ကို ဖြစ်စေနိုင်ပြီး သွားများကိုထိခိုက်လွယ်ကာ သွားပိုးပေါက်ဖြစ်လာစေနိုင်ပါတယ်။

-မူးဝေခြင်းကို ဖြစ်စေတယ်

မနက်တိုင်း ကော်ဖီပုံမှန်သောက်တတ်တဲ့ သူတစ်ယောက်အနေနဲ့ ရုတ်တရက်ကော်ဖီဖြတ်ဖို့ ဆုံးဖြတ်လိုက်တဲ့အခါ သင့်ခန္ဓာကိုယ်က ဒီအပြောင်းအလဲကို လိုက်လျောညီထွေဖြစ်ဖို့ အချိန်လိုအပ်ပြီး မူးဝေတဲ့ခံစားချက်ဖြင့် ပြန်လည်တုံ့ပြန်နိုင်ပါတယ်။

-အာရုံစူးစိုက်ဖို့ ခက်ခဲတယ်

ကော်ဖီဟာ မနက်ခင်းမှာ အိပ်ရာကနိုးထဖို့ ကူညီပေးတဲ့အပြင် အလုပ်များတဲ့နေ့တွေမှာ သင့်ရဲ့အာရုံစူးစိုက်မှုကို မြှင့်တင်ပေးပါတယ်။ ကဖိန်းဓာတ်က သင့်ခန္ဓာကိုယ်ရဲ့ adrenaline ပမာဏကို တိုးစေပြီး သွေးပေါင်ချိန်ကိုတက်စေကာ ဦးနှောက်ကိုလည်း လှုံ့ဆော်ပေးတာပါ။ ကဖိန်းဓာတ်ကို ဖြတ်တောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်ကရုန်းကန်ပြီး အာရုံစူးစိုက်ဖုိ့ ခက်ခဲလာတတ်ပါတယ်။

 

Qai Shyan Myung

Photos from freepik

Related Posts

Leave a Reply

Your email address will not be published.