ထိထိရောက်ရောက်ဝိတ်ကျစေမယ့် ရှားစောင်းလက်ပက်စားသုံးပုံ နည်းလမ်းများ 

ထိထိရောက်ရောက်ဝိတ်ကျစေမယ့် ရှားစောင်းလက်ပက်စားသုံးပုံ နည်းလမ်းများ

ရှားစောင့်လက်ပတ်ဟာ ရည်ရွယ်ချက်အမျိုးမျိုးအတွက် တွင်ကျယ်စွာအသုံးပြုနိုင်တဲ့ အပင်တစ်မျိုးဖြစ်ပါတယ်။ ဘက်စုံသုံးလို့ရတဲ့အပင်ဖြစ်တာကြောင့် အသားအရေ၊ ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာ ရှိပါတယ်။ ရှားစောင်းလက်ပတ်တွင်ပါဝင်တဲ့ ဂျယ်လီဟာ အစိုဓာတ်ကိုထိန်းပေးနိုင်တာကြောင့် အလှကုန်ပစ္စည်းတွေမှာ ကျယ်ပြန့်စွာအသုံးပြုကြပါတယ်။ ရှားစောင်းလက်ပတ်တွင် ဘက်တီးရီးယားဆန့်ကျင်ဂုဏ်သတ္တိရှိတာကြောင့် ကျန်းမာရေးအချိုရည်တွေမှာ အသုံးပြုကြတာဖြစ်ကာ သွားဖုံးနာခြင်း၊ အပူလောင်ခြင်း၊ ဝမ်းချုပ်ခြင်းစတာတွေကို သက်သာစေပါတယ်။ နောက်ပြီး ရှားစောင်းလက်ပတ်ဟာ ကိုယ်အလေးချိန်ကိုကျစေနိုင်တဲ့ အစွမ်းထက်အရင်းအမြစ်တစ်ခုလည်း ဖြစ်တာပါ။

-အသီးအရွက်ဖျော်ရည်တွေနဲ့ ရောသောက်ပါ

ဟင်းသီးဟင်းရွက်ဖျော်ရည်နဲ့ ရှားစောင်းလက်ပတ်ကို ရောစပ်သောက်သုံးခြင်းက အမြင့်ဆုံးကျန်းမာရေးအကျိုးကျေးဇူးတွေကို ရရှိစေတာဖြစ်ကာ ဝိတ်ကိုကျစေနိုင်ပါတယ်။

-ထမင်းမစားခင် သောက်သုံးပါ

အစာမစားခင် ရှားစောင်းလက်ပတ်ဖျော်ရည်ကို သောက်သုံးပေးခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေနိုင်ပြီး အစာခြေစနစ်ကိုကောင်းမွန်စေတာဖြစ်ပါတယ်။ ခန္ဓာကိုယ်အတွင်းရှိ အဆီတွေကိုလောင်ကျွမ်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို မြှင့်တင်ပေးပါတယ်။ ရှားစောင်းလက်ပတ်တွင် ဗီတာမင်ဘီပါဝင်တာကြောင့် ခန္ဓာကိုယ်အတွင်းရှိ အဆီတွေကို စွမ်းအင်အဖြစ်ပြောင်းလဲကာ ကိုယ်အလေးချိန်ကျဆင်းဖို့ ကူညီပေးနိုင်တာပါ။

– ရေနွေးနဲ့ဖျော်သောက်ပါ

ရေနွေးဟာ အဆီတွေကိုလောင်ကျွမ်းစေနိုင်ပြီး တစ်နေ့ကို ရေနွေးတစ်ခွက် သို့ နှစ်ခွက်ခန့်သောက်သုံးခြင်းက ကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။ ရှားစောင်းလက်ပတ်ကို ရေနွေးနဲ့ရောသောက်ခြင်းက ကိုယ်အလေးချိန်ကို ပိုကျစေနိုင်တာပါ။

-ပျားရည်နဲ့သောက်ပါ

ရှားစောင်းလက်ပတ်ကို ပျားရည်နဲ့ရောစပ်သောက်သုံးခြင်းက အရသာကိုကောင်းမွန်စေပြီး ရောဂါပိုးတွေကို တိုက်ထုတ်ပေးတဲ့ antioxidants နဲ့ antifungal ဓာတ်တို့ ကြွယ်ဝစွာပါဝင်တာဖြစ်သလို ဝိတ်ကိုလည်းကျစေနိုင်တာ ဖြစ်ပါတယ်။

 

Qai Shyan Myung

Photos from freepik

Related Posts

Leave a Reply

Your email address will not be published.