မိန်းကလေးတိုင်းဆီက အမှတ်တွေပိုရစေနိုင်တဲ့ ယောကျာ်းလေးတွေရဲ့ အပြုအမူများ
ခေတ်မီတဲ့မိန်းကလေးတွေက အမျိုးသမီးတွေအပေါ် ကြင်နာယဉ်ကျေးစွာဆက်ဆံတတ်တဲ့ အမျိုးသားတွေဟာ ဝတ္ထုစာအုပ်တွေနဲ့ ရုပ်ရှင်တွေထဲမှာသာ ရှိကြတယ်လို့ ယုံကြည်ကြပါတယ်။ ဒါပေမယ့် တကယ်တမ်းလက်တွေ့ဘဝမှာလည်း တကယ့်ကိုကြင်နာတတ်တဲ့အမျိုးသားတွေရှိလို့နေပြီး ဒါက မိန်းကလေးတွေရဲ့စိတ်တွေကို ဖမ်းစားနိုင်တာပါ။ ဒီအချက်တွေက ယောက်ျားလေးတစ်ယောက်ကို Prince Charming အဖြစ်ပြောင်းလဲစေနိုင်တဲ့ အပြုအမူလေးတွေပဲ ဖြစ်ပါတယ်။
-တံခါးဖွင့်ပေးတတ်ခြင်း
မိန်းကလေးတစ်ယောက်အတွက် ကားတံခါးသို့ အခန်းတံခါးကို ဖွင့်ပေးတတ်တာက ဂရုစိုက်မှုနဲ့ ယဉ်ကျေးမှုကို ဖော်ပြနေတာပါ။ အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်အတွက် အလိုက်တသိနဲ့ ခုလိုမျိုးတံခါးဖွင့်ပေးတတ်ခြင်းဟာ အမျိုးသမီးတွေရဲ့စိတ်မှာ လုံခြုံနွေးထွေးမှုကို ခံစားမိစေပြီး အမျိုးသမီးတွေရဲ့စိတ်ကို လှုပ်ခတ်စေနိုင်တာပါ။
-ဦးစားပေးတတ်ခြင်း
မိန်းကလေးတွေနဲ့ အားနွဲ့သူတွေကို ဦးစားပေးတတ်တာက တကယ့်ကိုလူကြီးလူကောင်းဆန်တဲ့ ယောကျာ်းတွေမှာ တွေ့ရတတ်တဲ့အချက်တစ်ခုပါ။ ဥပမာ – ဘက်စ်ကားစီးတဲ့အချိန်မှာ နေရာဖယ်ပေးတာ၊ ဓာတ်လှေကားပြည့်သွားတဲ့အခါ တစ်ခြားသူတွေကို ဦးစားပေးလိုက်တာ စသဖြင့် မိန်းကလေးတွေ သို့ တစ်ခြားသူတွေကို ဦးစားပေးတတ်တဲ့အချက်က မိန်းကလေးတွေရဲ့စိတ်ထဲမှာ သတိပြမိစေတာဖြစ်ပါတယ်။
-ကူညီပေးခြင်း
ခန့်ညားတယ်ဆိုတဲ့အမျိုးသားတစ်ယောက်ဆိုတာ ရုပ်ရည်တစ်ခုတည်းကိုပဲဆိုလိုတာမဟုတ်ပဲ သူတို့ရဲ့အပြုအမူ၊ စိတ်နေစိတ်ထားတို့လည်း ပါဝင်နေတာပါ။ တစ်စုံတစ်ယောက် ဒုက္ခရောက်နေတဲ့အချိန်တိုင်း ကူညီဖို့လက်မနှေးတတ်သလို မတရားတာကိုလည်း လက်ပိုက်ကြည့်မနေတတ်ကြတာပါ။ ဒါကတော့ မိန်းကလေးတွေရဲ့စိတ်ကို ဖမ်းစားနိုင်တဲ့အချက်တစ်ခုပါပဲ။
-ယုံကြည်မှုရှိခြင်း
ယုံကြည်မှုရှိတဲ့ အမျိုးသားတစ်ယောက်ဟာ ဘယ်လိုအချိန်မျိုးမှာပဲဖြစ်ဖြစ် တကယ့်ကိုခန့်ညားချောမောပါတယ်နော်။ ဒီလိုပဲ မိန်းကလေးတစ်ယောက်ရဲ့ရှေ့မှာ ယုံကြည်မှုရှိရှိနဲ့ နေထိုင်နိုင်တဲ့ အပြုအမူရှိတဲ့ အမျိုးသားတွေကို မိန်းကလေးတွေက ပိုသဘောကျတတ်ကြပါတယ်။
Qai Shyan Myung
Photos from freepik