အရေပြားပေါ်တွင်ဖြစ်တတ်တဲ့ ကြွက်နို့တွေကို ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းများ

အရေပြားပေါ်တွင်ဖြစ်တတ်တဲ့ ကြွက်နို့တွေကို ပျောက်ကင်းစေနိုင်တဲ့ ရိုးရှင်းထိရောက်တဲ့ နည်းလမ်းများ

လူအများစုတွင် အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ အသားပိုနဲ့ ကြွက်နို့တွေ ပိုအဖြစ်များလာကြပါတယ်။ ဒီသေးငယ်တဲ့အရွယ်ရှိတဲ့ အရေပြားကြီးထွားမှုဟာ အန္တရာယ်မရှိပေမယ့် သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ထိခိုက်စေနိုင်တာပါ။ ကြွက်နို့တွေကို ခန္ဓာကိုယ်ရဲ့နေရာတိုင်းလိုလိုမှာ တွေ့ရတတ်ပြီး လူတစ်ဦးမှတစ်ခြားတစ်ဦးကို အလွယ်တကူပဲကူးစက်နိုင်တာပါ။ ဒါကြောင့် ကြွက်နို့တွေကို အလွယ်တကူပဲ အန္တရာယ်ကင်းစွာဖယ်ရှားနိုင်ဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။

-မျက်နှာသုတ်ပဝါ သို့ တဘတ်တွေကို တစ်ခြားသူတွေနဲ့အတူ မသုံးပါနဲ့

မိသားစုဝင်တွေနဲ့ တဘတ်တွေမျှဝေသုံးစွဲခြင်းက အန္တရယ်မရှိဘူးလို့ထင်ရပေမယ့် တကယ်တမ်းမှာတော့ အသားအရေကိုအနှောင့်အယှက်ဖြစ်စေတဲ့ papillomas နဲ့ ကြွက်နို့တွေဖြစ်လာနိုင်တဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် တဘတ်တွေကို တစ်ယောက်နဲ့တစ်ယောက် မျှသုံးတာမျိုးမလုပ်ပဲ သီးခြားခွဲသုံးသင့်ပါတယ်။

-အသားအရေကို အစိုဓာတ်ဖြည့်ပါ

အသားအရေကို ရေဓာတ်ပြည့်ဝအောင်ထိန်းသိမ်းခြင်းက အရေးအကြောင်းကင်းစင်ကာ ငယ်ရွယ်နုပျိုစေပါတယ်။ နောက်ပြီး မှန်ကန်တဲ့ moisturizer ကို ပုံမှန်သုံးစွဲခြင်းက ကြွက်နို့တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တာဖြစ်ပါတယ်။

– ပြတ်ရှရာတွေကို ပိုးမဝင်အောင် ဖုံးအုပ်ထားပါ

လက်တွေမှာ ပြတ်ရှမှုတွေဖြစ်သွားတဲ့အခါ ဒဏ်ရာကိုသန့်ရှင်းရေးလုပ်ပြီး သေချာဖုံးအုပ်ထားခြင်းက ဒဏ်ရာကိုမြန်မြန်သက်သာစေပြီး ကြွက်နို့ပေါက်ခြင်းမှလည်း ကာကွယ်နိုင်ပါတယ်။ ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရက်စ်တွေဟာ ညစ်ညမ်းတဲ့အရာတစ်ခုခုကို ထိမိခြစ်မိရာကတစ်ဆင့်် ခန္ဓာကိုယ်ထဲကို ဝင်ရောက်နိုင်ခြေရှိတာပါ။

– အမွှေးရိတ်တဲ့အခါ ကြွက်နို့ကိုပါ ဓားနဲ့ရိတ်တာမျိုးမလုပ်ပါနဲ့

အမွှေးရိတ်ခြင်းက သင့်အတွက် အချိန်တိုအတွင်း မလိုလားအပ်တဲ့အမွှေးအမျှင်တွေကို ဖယ်ရှားနိုင်ပေမယ့် ကြွက်နို့တွေသာရှိနေခဲ့မယ်ဆိုရင်တော့ တစ်ခြားနည်းလမ်းကိုသာ ရွေးချယ်သင့်ပါတယ်။ အမွှေးရိတ်တဲ့အခါ အရေပြားပေါ်မှာသေးငယ်တဲ့ ပြတ်တောက်ရာလေးတွေဖြစ်စေပြီး ကြွက်နို့ကိုပါရိတ်လိုက်တဲ့အခါ ဒီဗိုင်းရက်စ်တွေက ပိုပျံ့နှံ့သွားစေ ဖြစ်ပါတယ်။

Qai Shyan Myung

Photos from freepik

Related Posts

Leave a Reply

Your email address will not be published.